Chapter23 (Unicode)

175 6 0
                                    


ပြသနာတွေကဖြစ်ချင်ရင်အစုလိုက်အပုံလိုက်လာတတ်မှန်းသူကြုံတွေ့လိုက်ရမှပဲယုံတော့သည်။သူ့စိတ်ထဲမှာအရမ်းသိချင်နေတဲ့အရာကBellaအကြောင်းပါ။သူမကိုတွေ့ဖို့Hotelလိုက်သွားတော့ရှင်းသန့်မေနှင့်တွေ့ရပြန်သည်။မင်းမိုးပြောပြတာတွေနှင့်Memory Recall လုပ်နေချိန်မှာပဲ မေနှင့်ပတ်သက်ပြီး သူအမှတ်ရခဲ့တာတွေအများကြီးပါ။ပျော်ရွှင်စရာတွေလဲများခဲ့သလို၊နာကျင်စရာတွေလဲအများကြီးပါ။

ယခုအချိန်မှာရှင်းသန့်မေနှင့်ပတ်သက်ပြီးသူ့ခံစားချက်တွေကအေးစက်နေခဲ့ပါပြီ။ပြန်ပတ်သက်ဖို့စိတ်ကူးသူ့မှာမရှိတော့ပါ။သူမရွှေးချယ်ခဲ့တဲ့အရာအတွက်သူမကျေနပ်ခဲ့မယ်လို့လဲသူထင်ပါတယ်။သူအရမ်းချစ်ခဲ့ပေးခဲ့ပါတယ်။လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးရင်းနဲ့ကိုကျေနပ်နေခဲ့ရတာပါ။သူပေးခဲ့တဲ့အရာတွေကအစစ်အမှန်ဖြစ်ပြီးတန်ဖိုးထားခြင်းမခံခဲ့ရတဲ့အတွက်ဒေါသထွက်ခဲ့မိရုံပါ။သူမနှင့်ပတ်သက်ခဲ့တဲ့၇နှစ်တာအတွင်းသူရှင်းသန့်မေတစ်ယောက်ထဲကိုသာသစ္စာရှိရှိချစ်ခဲ့တာတခါမှဖောက်လွဲဖောက်ပြန်စိတ်မရှိခဲ့ပါ။အိမ်ထောင်ကျပြီးပျော်ရွှင်နေမယ်ထင်ခဲ့တာ၊အခုကျမှသူ့တန်ဖိုးကိုသိလာရတာတဲ့လား။

ချစ်ခဲ့တဲ့အချိန်ကအရူးတစ်ယောက်လိုနေခဲ့ပေးပေမယ့်အခုအချိန်မှာတော့သူမနှင့်ပတ်သက်ပြီးသူ့ခံစားချက်တွေကိုမေ့ပစ်ခဲ့နိုင်ပြီလေ။လွယ်လွယ်နဲ့မေ့လို့ရခဲ့တာမဟုတ်ပေမယ့်မေ့နိုင်အောင်ကြိုးစားခဲ့ရတာပါ။သူမဘဝလေးကိုလဲစိတ်ချမ်းသာစွာနှင့်ဖြတ်သန်းသွားတာကိုပဲသူလိုချင်ပါတယ်။

စိတ်ထဲမှာအလိုလိုနေရင်းအားနာမိတဲ့စိတ်ကBellaကိုတွေ့တဲ့အချိန်တိုင်းမှာသူ့စိတ်ထဲဖြစ်ပေါ်လာတာကိုသူသတိထားမိပါသည်။သူအမှားများရှိခဲ့တာလားဆိုတဲ့မေးခွန်းတွေကသူ့ကိုနှိပ်စက်နေပါတယ်။သူမနှင့်အနေနီးကပ်လာရင်သူ့အတွက်ပိုသေချာရှင်းလင်းစေလာမလားလို့သူစဉ်းစားမိပြီးဒီနေ့လဲသူမကိုညစာစားဖို့ချိန်းဆိုထားလိုက်သည်။

ခက်တာကသူ့ဖက်ကိုကံကြမ္မာကမျက်နှာသာမပေးတာပါပဲ။တနေ့လုံးအလုပ်တွေရှုပ်ရတဲ့ထဲကားပါပျက်နေပြန်ပြီလေ။တော်သေးတာကခုနကအိမ်ဆောက်မယ့်အိမ်ကကောင်လေးတစ်ယောက်ပစ္စည်းထွက်ဝယ်ရင်းလမ်းမှာတွေ့လို့သူ့ကိုအကူအညီတောင်းပြီးကားငှားလို့ရမယ့်နေရာအထိလိုက်ပို့ခိုင်းလိုက်ရသည်။Hotelကိုရောက်တော့အလုပ်ဆင်းသွားပြီးကားparkingဖက်သွားလိုက်သည်ဆို၍အပြေးလိုက်ခဲ့ရာသူမကိုတွေ့လိုက်ရသည်။နာကျည်းမူအငွေ့အသက်တွေပြည့်နေတဲ့သူမစကားခွန်းတိုင်းကသူ့ရင်ကိုနာကျင်စေပါသည်။ဘာရယ်မှန်းသေချာမသိပေမယ့်သူ,သူမအပေါ်တော်တော်မကောင်းခဲ့တာပဲဆိုတဲ့ခံစားချက်မျိုးရလိုက်သည်။

မင္းကငါ့အပိုင္ပဲ...💜(You Are Mine...💜)Where stories live. Discover now