Chapter 9 (Unicode)

174 2 0
                                    

ဂုဏ်ထည်ဝါ မယုံကြည်နိုင်စွာဖြင့် နောက်သို့ခြေလှမ်းများ ဆုတ်ခွာလိုက်တယ်။

"မင်း...ငါချစ်ခဲ့တဲ့မေမှ ဟုတ်သေးရဲ့လား.... ငါမယုံနိုင်ဘူး"

"လာလေ ဂုဏ်၊ ရှင့်ဆန္ဒကိုနောက်ဆုံးအကြိမ် ဖြည့်ဆည်းပေးမှာပါ...ဒါ...ရှင်လိုချင်တာပဲမဟုတ်ဘူးလား..."

"ငါ...မင်းကိုမုန်းတယ် မေ မဟုတ်ဘူး ငါမင်းကိုရွံသွားတာ... မင်းကတကယ်ပဲ ငါ့ရဲ့အချစ်နဲ့မတန်တာပဲ ငါသိခွင့်ရတဲ့အတွက် မင်းကိုကျေးဇူးတင်တယ်... စိတ်ချ ငါမင်းကိုတကုပ်ကုပ်တွယ်ကပ်နေမှာမဟုတ်ဘူး မင်းရွှေးချယ်တဲ့လမ်း မင်းပျော်အောင်လျှောက်ပါ နူတ်ဆက်ပါတယ်.... ထာဝရအတွက်"

နူတ်ဆက်ခဲ့ပါတယ်...မေ။
နူတ်ဆက်လိုက်ပါတယ်...ငါ့ရဲ့၇နှစ်တာအချစ်တွေ။
မင်း...ငါ့အချစ်နဲ့မတန်ဘူး မေ။
မင်းနဲ့မထိုက်တန်ဘူး။

♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧

မင်းမိုး ဂုဏ်ထည်ဝါနဲ့ဖုန်းပြောပြီးပြီးချင်း အလုပ်တွေပစ်ပြီး  ကားဖြင့်ထွက်လာခဲ့သည်။

"မင်းမိုး...ငါ...အရက်မူးအောင်သောက်ချင်တယ် မင်းလာခဲ့ပေး"

ဂုဏ်ထည်ဝါဆိုတဲ့ သူ့ရဲ့သူငယ်ချင်းကြောင့်သာ သူဒီနေရာမှာရပ်တည်နိုင်ခဲ့တာမဟုတ်လား။

ကျောင်းတုန်းက သူ့အခြေအနေက အခုအချိန်နဲ့တစ်ခြားစီလေ။ အရာရာနိမ့်ကျတဲ့သူ့ကို၊ ဘယ်သူမှမပေါင်းချင်တဲ့သူ့ကို ဂုဏ်ထည်ဝါတစ်ယောက်ထဲ သူ့ကိုသူငယ်ချင်းလို ပေါင်းဖော်ခဲ့တယ်။

ကျောင်းပြီးလို့အလုပ်လုပ်ဖို့ သူ့ကိုဘေးကနေကူညီ ပေးခဲ့ရုံမက အခက်အခဲတွေကို အတူတူရင်ဆိုင်ခဲ့ကြတယ်။

ဘယ်လောက်အလုပ်များများ ဂုဏ်ထည်ဝါဆိုတဲ့ သူငယ်ချင်းအတွက် သူအမြဲအသင့်ဖြစ်နေမှာပါ။

ဆိုင်ထဲဝင်သွားတော့ အရက်ဘားမှာထိုင်နေပြီး သောက်နေသော ဂုဏ်ထည်ဝါကိုသူတွေ့လိုက်ရ၍ အမြန်သွားလိုက်သည်။

"သောက်လှချည်လား သားကြီး"

"ရောက်ပြီလား...လာထိုင်"

"အင်း"

သူဘေးမှာဝင်ထိုင်လိုက်ပြီး Burgundyတစ်ခွက် မှာလိုက်သည်။

မင္းကငါ့အပိုင္ပဲ...💜(You Are Mine...💜)حيث تعيش القصص. اكتشف الآن