Chapter 6 ( Unicode)

176 2 0
                                    

ကြားရသော ဂီတသံစဉ်အလိုက် ခန္ဓာကိုယ်ကို လူပ်ရှားရင်း ဝတ်ဆင်မည့်အင်္ကျီကိုရွှေးလိုက်သည်။ မေကမင်းသမီးဆိုတော့ မေနှင့်လိုက်ဖက်အောင်၊ သူအမြဲဝတ်ဆင်လေ့ရှိသည်။

မေ နှစ်သက်တဲ့အရောင် Dark blue ရှပ်နှင့် Black Jeanတစ်ထည်ကို ရွှေးချယ်ကာဝတ်ဆင်လိုက်သည်။ ပြီးနောက် မေအနှစ်သက်ဆုံး ရေမွေး Chanel Cologne ကိုဆွတ်ဖျန်းလိုက်ကာ သူနှစ်သက်စွာ ရှုရိူက်ရင်း သဘောကျစွာ ပြုံးလိုက်မိသည်။

အင်း...သူ့ရဲ့အသုံးအဆောင်၊ သူ့ရဲ့အရာအားလုံးဟာ မေ့သဘောအတိုင်းဖြစ်တည်နေခဲ့တာပဲ။ အင်းပေါ့... မေက သူ့ရဲ့အရာရာပဲလေ။

အားလုံးပြင်ဆင်ပြီးချိန်မှာ နာရီကြည့်တော့ ညနေ ၅း၄၅မိနစ်။ မေ့ကိုဖုန်းဆက်လိုက်သည်။

"Hello!"

မေ့အသံလေးကြားရ၍ သူပြုံးမိကာ... မေ့အသံလေးကြားရုံနဲ့ သူလွမ်းတတ်နေပြီလား...။

"မေ ရှုတင်ပြီးပြီလား၊ ကိုယ်အခု လာကြိုရမလားဟင်"

"အင်း...ဟို ဂုဏ် မေတို့ဒီည Night Scenes ရှိသေးတယ်တဲ့၊ အဲ့တာ ဘယ်လိုလုပ်ရမလဲ၊ မေ ဂုဏ့်ကိုမပြောရသေးဘူး"

"အော်..ဟုတ်လား၊ အင်းပါ အလုပ်ပဲလေ ကိုယ်နားလည်ပါတယ်၊ ကောင်းကောင်းလုပ်နော်၊ ပြန်ရောက်ရင် ကိုယ့်ကိုဖုန်းဆက်ဦး၊ ဖုန်းမဆက်ဖြစ်ရင်တောင် Message ပို့ခဲ့နော်"

"အင်း တောင်းပန်ပါတယ်နော် ဂုဏ်"

"မလိုပါဘူး၊ မေ့ရဲ့ချစ်သူဖြစ်ရတာ ဒီလောက်တော့ နားလည်ပေးရမှာပေါ့"

"အင်း...ဒါပဲနော် ဂုဏ်"

"အင်း အရမ်းချစ်တယ် မေ"

တုံ့ပြန်သံမကြားရပဲ ဖုန်းချသွားသည်။ စိတ်ပျက်စွာ အိပ်ရာပေါ်ထိုင်ချလိုက်ရင်း လှဲအိပ်လိုက်သည်။

ဘယ်တတ်နိုင်မလဲ...။ မေကအလုပ်လုပ်ရမယ်ဆိုတော့...။

ခုတလော သူချစ်တယ်ဘယ်လောက်ပဲပြောပြော မေ့ဘက်က တုန့်ပြန်ပြောဆိုတာမကြားရတာ ဘယ်လောက်ကြာသွားပြီလဲ...။ မေ သူ့အပေါ်အချစ်ပေါ့သွားတာလား...။ အဲ့တာဆို ဘယ်လိုလုပ်မလဲ... မေ သူ့ကိုမချစ်တော့ရင်... မေ သူ့ဘဝထဲကထွက်သွားရင်... ဂုဏ်ထည်ဝါဆိုတဲ့ သူ ဘယ်လိုလုပ်ရမလဲ။

မင္းကငါ့အပိုင္ပဲ...💜(You Are Mine...💜)Where stories live. Discover now