Chapter 36++

465 10 2
                                    

Wow you're so beautiful Mommy

Really

Yes, so pretty

လှလိုက်တာသမီးရယ် မင်းသမီးတွေတောင် သမီးလောက်လှမယ်မထင်ဘူး

မေမေကတော့ လုပ်ပြီ အဲ့လောက်ထိမမြှောက်ပါနဲ့ မေမေရဲ့၊ ယွန်းတော့ ဒီလိုဝတ်ရတာ နေရခက်လိုက်တာ

မိတ်ကပ်ပန်းရောင်ဖျော့ဖျော့လေးdress အရှည်က ယွန်းကိုယ်ပေါ်၌ချပ်ရပ်နေပြီး လှပလွန်းနေတာအမှန်ပါပဲ။ သိမ့်ပြောလွန်းလို့သာဝတ်ဖို့လက်ခံလိုက်ရတာ အမှန်ဆို ယွန်းကဒီလိုမျိုးတွေဝတ်ချင်တာမဟုတ်ဘူး။ နေရခက်လွန်းတာကြောင့်ပါ။

Henry, You have to sleep early tonight. Mom will come home late. You must be clever, and Listen to grandmother.

I know, mom. Mom, you had fun tonight.

Love you baby, mwah

Love you Mom, mwah

မေမေ သားလေးကိုစောစောအိပ်ခိုင်းနော်၊ online ပဲသုံးနေမှာစိုးလို့  screen time လျှော့ရတော့မှာ သားလေးကို

အင်းပါ မေမေသိပါတယ် စိတ်ချသာသွား

တီ တီ

ဟော သိမ့်လာပြီထင်တယ် သမီးသွားတော့မယ် မေမေ

အေး အေး ဂရုစိုက်နော် သမီး

ဟုတ် မေမေ

ယွန်း သိမ့်နဲ့အတူ Great Hotel Anniversary  ပွဲကိုအတူတက်ရောက်ဖြစ်သည်။ VIP လောက်ပဲဖိတ်တော့ လူသိပ်မများပဲ Violin သံငြိမ့်ငြိမ့်လေးနဲ့ အဆင်ပြေပါသည်။

ဟင်

ဂုဏ်ထည်ဝါ...။ ရှင်းသန့်လွန်းသော သူ့ရုပ်ရည်က ထင်းခနဲသိသာလွန်းနေပါသည်။ အဖြူရောင်ကုတ်အရှည်နဲ့လိုက်ဖက်စွာ သူ့အရပ်ကရှည်နေတော့ ကြည့်ကောင်းလွန်းနေတာအမှန်ပါပဲ။ သူ့ဘေးနားမှာလဲ မိန်းကလေးတွေကများသား။ သူပြုံးရယ်လိုက်တိုင်း နူတ်ခမ်းလေးတွန့်သွားတိုင်းပေါ်လာတဲ့ ပါးချိုင့်အရာသေးသေးလေးက စိတ်လူပ်ရှားဖို့ကောင်းလိုက်တာ။

သူ ဒီပွဲတက်ရမယ်ဆိုတာ ဘာလို့ယွန်းကိုမပြောတာပါလိမ့်။ လိုက်ပို့မယ် ဆိုတော့ ယွန်းက သိမ့်နဲ့အတူဖြစ်နေလို့ လက်မခံခဲ့တာ၊ သူသာဒီပွဲတက်မယ်ဆို အတူတက်ဖို့ပြောရမှာပေါ့။ အဲ့လိုသာဆိုယွန်းလက်ခံမှာပေါ့။

မင်းကငါ့အပိုင်ပဲ...💜(You Are Mine...💜)Where stories live. Discover now