Chapter 16

1.4K 40 4
                                    

5 Years Later...

ဘ၀အချိုးအကွေ့တွေများစွာကြားထဲမှာ သူ့ရဲ့အဖြစ်အပျက်ကအံသြသင့်ဖွယ်များစွာဖြင့်သာ ပြည့်နှက်နေခဲ့သည်။ ကျင့်သားရအောင်ကြိုးစားနေထိုင်ရင်းနှင့်ပင် သူတစ်ဖြည်းဖြည်းတော့ နေသားကျစပြုလာပြီဖြစ်သည်။

ဟုတ်ပါတယ်...ကျွန်တော်အခုလက်ရှိမှာ ကျွန်တော့ကိုယ်ကျွန်တော်ဘယ်သူမှန်းမသိနိုင်သေးတဲ့ သူတစ်ယောက်ဖြစ်နေလို့ပါပဲ။

မာမီပြောပုံအရဆို...သူမြန်မာပြည်ကနေထွက်ခွာသွားခဲ့ပြီး ခရီးထွက်ရင်း Car Accident ဖြစ်ရင်း သူဆေးရုံ တွင် သတိလစ်မေ့မျှောနေခဲ့ပုံရသည်။ အဆိုးထဲမှအကောင်းဖြင့် သူ့ဖုန်းထဲမှ လိပ်စာဖြင့် မာမီတို့ကိုဆက်သွယ်ပေးခဲ့သည့် မြန်မာပြည်မှ ခရီးသွားစုံတွဲကြောင့်သာ သူအသက်ရှင်နေမှန်း မာမီတို့သိခဲ့ရသည်။ ၂နှစ်နီးပါး ဆေးရုံတွင် ကိုမာရောဂါဖြင့် သတိမေ့လျှော့နေခဲ့ရသည်။

သူသတိရလာချိန်မှာ သူ့အနားမှာရှိသောသူတွေကိုသူဘာကိုမျှ၊ဘယ်သူ့ကိုမျှမမှတ်မိနိုင်တော့ပါ။ အရာရာသည်သူ့အတွက်အစိမ်းသက်သက်သာ။

မာမီပြောပြသမျှအရင်ကအကြောင်းအရာလေးတွေကိုနားထောင်ရင်းသူတတ်နိုင်သမျှမှတ်မိနိုင်ဖို့ကြိုးစားလျှက်ရှိသည်။ အခုလက်ရှိမှာတော့ ဒယ်ဒီရဲ့လုပ်ငန်းတွေမှာ သူဝင်ရောက်ဦးစီးဆောင်ရွက်နေပြီဖြစ်သည်။ ဒယ်ဒီက သူ့ကိုမြန်မာပြည်မှာရှိတဲ့ လုပ်ငန်းတွေကိုအဓိကဦးစားပေးလုပ်ဆောင်စေပြီး ဒယ်ဒီနှင့်မာမီကတော့ ပြည်ပဖက် ပိုဦးစားပေးကာလုပ်ဆောင်နေလေသည်။ သူ့အတွက် အစစအရာရာ အဆင်ပြေစေရန် အကောင်းဆုံး သူငယ်ချင်းလို၊ Body Guard လို၊လုပ်ငန်းလုပ်ရာတွင်အဆင်ပြေစေရန်အတွက် မာမီနှင့်ဒယ်ဒီရှာဖွေပေးသော နေမင်းရှိန်ကြောင့်သူ့အတွက် နေ့စဉ်ဘ၀တွေက အခက်အခဲမရှိကျော်လွန်နိုင်လေသည်။

"Ring Ring"

ဖုန်းမြည်သံကြောင့် သူအတွေးများလွင့်ပျံနေရာမှအသိဝင်လာကာ ဖုန်းဖြေလိုက်သည်။

"Hello!"

"Good Morning! ကိုထည်ဝါ နိုးပြီလား"

"Good Morning! ပါ အမရာ ကျွန်တော်နိုးပါပြီ

မင်းကငါ့အပိုင်ပဲ...💜(You Are Mine...💜)Where stories live. Discover now