Chapter 5 ( Unicode)

213 4 0
                                    


မေ ဈာန်ရဲကြောင့် တစ်နေ့တစ်မျိုးမရိုးရအောင် စိတ်လူပ်ရှားရင်ခုန်နေရပါသည်။ မေ့အတွက် မရိုးနိုင်သော Suprise များစွာဖြင့် မေ့ရဲ့နေ့ရက်တိုင်းအတွက် သူဖန်ဆင်းပေးနေသည်ဟု ဆိုရမလား...။ နှင်းဆီအပွင့် ၁၀၀ဖြင့် အိမ်ရှေ့လာစောင့်နေတာမျိုး။ မေ အရမ်းသဘောကျတဲ့ Accessories Brand တွေဝယ်ပေးတာမျိုး။

တင်း....တောင်


အိမ်ရှေ့ဘဲလ်သံကြား၍ဖွင့်ကြည့်ရာ အနီရဲရဲ နောက်ဆုံးပေါ် Mercedes-Benz CLAကားလေး။




"OMG!!!"

မေ့ပါးစပ်အဟောင်းသားဖြင့် အံဩမင်သက် သွားရသည်။ ဈာန်ရဲကမေ့ကိုကြည့်ကာ သဘောကျနေသည်။

"What the...! Wow ဒါ...ဒါက"


ဈာန်ရဲ မေ့အနားလျှောက်လာရင်း မေ့လက်ထဲ ကားသော့ထည့်ပေးရင်း ပြုံးပြကာ...


"မေ့အတွက် ဒီနေ့ရဲ့ Supriseလေ၊ သဘောကျရဲ့လား"


"အိုး အရမ်းတန်ဖိုးကြီးတဲ့လက်ဆောင်ကို မေလက်မခံရဲဘူး"


ဈာန်ရဲ မေ့နားနားတိုးကာ....


"ကျွန်တော့်အတွက် တန်ဖိုးအရှိဆုံးက မ ပဲလေ၊ ကျွန်တော် အခုအဲ့လက်ဆောင်ကိုပိုင်ဆိုင်ချင်ပြီ"


"မင်းနော်...သွား"


"အဟွန်း ဟွန်း တကယ်ပြောတာ မရဲ့၊ ရဲရဲဝံဝံလက်ခံလိုက်ပါ၊ ဒါကျွန်တော့်ရဲ့နှလုံးသားလို့ သဘောထားပြီးတော့လေ"


"အာ... အဲ့တာဆိုပိုလက်ခံလို့မဖြစ်ဘူးပဲ"


"မ လက်မခံချင်ရင် လွင့်ပစ်လိုက်လေ၊ ကျွန်တော်ကတော့ မ အတွက်လို့စဉ်းစားပြီး ခက်ခက်ခဲခဲဝယ်ခဲ့ရတာ၊ ကျွန်တော် သွားတော့မယ်နော်၊ ရှုတင်ရှိတယ်"


"အင်း"

မေ လက်ပြကာနူတ်ဆက်လိုက်သည်။ ရုတ်တရက်ဆိုသလို မေ့လက်ကလေးကိုဆွဲပြီး လက်ဖမိုးလေးကိုနမ်းကာ...


"မ ကိုချစ်တယ်"

"အို"

မေ့နှလုံးသားလေးပြုတ်ထွက်သွားသလို သူ့ရဲ့အမူအရာလေးမှာ မေနစ်မျှောသွားရသည်။

မင္းကငါ့အပိုင္ပဲ...💜(You Are Mine...💜)Tempat cerita menjadi hidup. Temukan sekarang