"မေ...ကိုယ့်မှာ အိပ်မက်တစ်ခုရှိတယ်၊ ကိုယ့်ဘဝရဲ့ပန်းတိုင်၊ ကိုယ့်ဘဝရဲ့ ခရီးအဆုံးကို မေနဲ့အတူပဲလျှောက်လှမ်းသွားချင်တယ်သိလား... မေရယ်... ကိုယ်ရယ်... သားသားမီးမီးလေးတွေရယ်နဲ့ ကိုယ်နောက်ထပ်ဘာကိုမှထပ်မလိုတော့ဘူး... ကိုယ့်အတွက် အရမ်းပြီးပြည့်စုံတဲ့ အိပ်မက်လေးပေါ့... မေကော အဲ့လိုစိတ်ကူးလေးရှိခဲ့ဖူးလား..."မေက သူ့ကိုကြည့်ရင်းဟက်ဟက်ပက်ပက် ရယ်မောကာနေသည်။
"အဟင်းဟင်း ဂုဏ်ရယ်... ကြိုမြင်နိုင်တဲ့ ကိစ္စမှမဟုတ်တာ၊ မေတော့ အိပ်မက်တွေချည်းပဲ မမက်ချင်ဘူး၊ တကယ့်လက်တွေ့ကိုပဲ စိတ်ကူးထားတယ်... ဂုဏ်တော့လေ စာရေးဆရာပီပီ စိတ်ကူးတွေနဲ့ပဲ သာယာနေတာပဲနော်၊ လက်တွေ့ဘဝထဲကိုလာခဲ့ပါဦး"
အခုတော့....
ဒါကိုယ့်ရဲ့တကယ့်လက်တွေ့ပေါ့နော်...မေ။ကိုယ့်ကိုတကယ့်လက်တွေ့ဘဝကိုပြသခဲ့တာလား... မေရယ်။
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
နာနာရီရီနဲ့နာကျင်ရတဲ့ ငါ့ရဲ့အချိန်နာရီတွေ
ဟားဟားဟီးဟီးနဲ့ ဟာသတစ်ပုဒ်လို
မင်းပျက်ရယ်ပြုသွားခဲ့တာ
ငါ့ရဲ့အချစ်ပါ Honey...။နှစ်နှစ်လလမြုပ်နှံထားခဲ့တဲ့ ငါ့ရဲ့ချစ်ခြင်းတရားက
လွယ်လွယ်ကူကူစွန့်ပစ်လွယ်တဲ့ အမိုက်တစ်စလိုတော့
မင်းမပစ်ပယ်လိုက်ပါနဲ့ Honey...။ဟန်ဆောင်ပြီးတော့ဖြစ်ဖြစ်... ငါ့ကိုအားနာကြောင်းပြသင့်တာပေါ့ Honey...။
အခုတော့...ငါ့မှာ
သူတောင်းစားသာသာတန်ဖိုးမဲ့စွာ မင်းထားရစ်ခဲ့တဲ့နေရာမှာ
ငါငိုရမှာလား...ရယ်ရမှာလားဆိုတာ
မင်းပြောခဲ့ပါဦးကွာ....။ ။♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧
တစ်ယောက်တည်း အရက်နဲ့မိုးလင်း မိုးချုပ်ဖြစ်ခဲ့တာ ဘယ်နှစ်ရက်ရှိပြီလဲ သူမသိပါ။ ဒါပေမယ့် သူသိတာတစ်ခုက သူ့နှလုံးသား နာကျင်နေရတုန်းပဲဆိုတာတော့ သူသိတယ်။
YOU ARE READING
မင်းကငါ့အပိုင်ပဲ...💜(You Are Mine...💜)
Romanceတစ်ချို့သောအရာတွေက ဆုံးရှုံးသွားကာမှ တန်ဖိုးရှိမှန်းသိလိုက်ရတဲ့အချိန်ကြရင် ကိုယ့်မှာနောင်တတွေ တပုံတပင်နဲ့။ အတူရှိနေခိုက် အဆုံးထိမြတ်နိုးတန်ဖိုးထားပြီး ချစ်ခဲ့ဖို့ ဘာလိုကြိုမတွေးမိသလဲ...။ တစ်ချို့သောအရာတွေက ဆုံးရှုံးသွားကာမှ တန်ဖိုးရှိမှန်းသိလိုက်ရတဲ...