Chapter 33 (Unicode)+++

360 2 0
                                    


ရေမိုးချိုးပြီးအခန်းထဲရောက်တော့ အမရာကိုမတွေ့ရ၍ နေမင်းအဝတ်တောင်မဝတ်နိုင်ပဲ အမရာ့ကိုလိုက်ရှာတော့သည်။

အမရာ ချစ်လေး ဘယ်ရောက်နေတာလဲ

အခြားအခန်း၌ရှာပေမယ့်လဲမတွေ။

အမရာရေ ကိုကို့မိန်းမလေးရေ

မီးဖိုချောင်ဖက်မှအသံကြား၍ သွားကြည့်လိုက်တော့မှ

တွေ့ပါပြီ သူ့ရဲ့ဇနီးချောလေး။

ဟယ် ကိုကို အဝတ်အစားလဲမဝတ်ပဲလျှောက်သွားနေတယ် ကြည့်စမ်း ရှက်လဲမရှက်ဘူး

ရှက်စရာလားကွာ ကိုကို့ချစ်လေးနဲ့ ကိုကိုတို့နှစ်ယောက်ထဲရှိတာကို၊ ဒါနဲ့ ဘာလုပ်နေတာလဲ ဒီမှာ ရေချိုးပြီးထွက်လာတော့ ချစ်လေးကိုမတွေ့တာနဲ့ ကိုကိုလိုက်ရှာနေတာ

ကိုကိုစားဖို့တခုခုလုပ်ပေးမလို့လေ ညနေကပြောတော့ ကိုကိုဆာတယ်ဆို

အင်းလေ ကိုကိုဆာတယ်လေ

အင်းလေ အဲ့ကြောင့် အမရာတခုခုစီစဉ်ပေးမလို့လေ

အာ ဒီကောင်မလေးကလဲကွာ ကိုကိုဆာတာကတခြား

ဟမ် ဘာကိုပြောတာလဲ ကိုကို

ဟုတ်တယ် ကိုကိုဆာတာကဗိုက်ဆာလို့ပြောတာမဟုတ်ဘူး

ဟင် ကိုကိုကဘာဆာလို့လဲ

အမရာ့ကို

အာ ကိုကိုနော်

စားလို့ရပြီလား အခု အမရာလေးကိုလေ

ကိုကိုနော်

ကိုကိုမနော်နဲ့တော့ မရတော့ဘူး စားမှာပဲကွာ ဟဲဟဲ

ရယ်သံကြီးကလဲကွာ ဘယ်လိုကြီးလဲ ကိုကိုရဲ့

ဟဲဟဲ လာထား

အိုး ကိုကို

အမရာ့ကိုယ်လေးကိုပွေ့ချီကာ အခန်းထဲခေါ်သွားလိုက်သည်။ ကုတင်ထက်လှဲစေလိုက်ပြီး နေမင်းအပေါ်ကမိုးထားလိုက်သည်။

ချစ်လေး

....

ကိုကို့ကလေးလေး

.....

မိန်းမရေ

....

မျက်လုံးကြီးပိတ်ပြီးဘာလို့ကိုကိုခေါ်တာမထူးရတာလဲ ပြောပါဦး

မင္းကငါ့အပိုင္ပဲ...💜(You Are Mine...💜)Tempat cerita menjadi hidup. Temukan sekarang