Chapter 20

390 20 5
                                    

နေမင်းရှိန်ပြောသွားသောစကားများကြောင့်ယွန်းစိတ်တွေရှုပ်သွားခဲ့သည်။Henryကိုကျောင်းကြိုပြီးသူစားချင်သည့်seafood fried rice ကို Hotelမှာပဲ ဝင်ကျွေးဖြစ်သည်။ သားလေးကတော့သူနဲ့ အကြိုက်တူပုံရသည်။ Seafood ဆို အရမ်းနှစ်ခြိုက်စွာ စားတတ်လေ့ရှိသည်။ သားလေးကသူ့အဖိုးအဖွားကအသည်းအသက်ဆိုတော့ ယွန်းတောင်သိပ်မထိန်းရပဲ အဖိုးအဖွားများက အရိပ်တကြည့်ကြည့်နဲ့ပင်။

အခုလဲသားကိုလာခေါ်ဖို့လူလွတ်လိုက်ပြန်ပြီလေ။ သားလေးကိုသေချာကျွေးမွေးပြီးမှပဲပြန်ထည့်ပေးလိုက်တော့သည်။ အလုပ်ကိစ္စများလုပ်စရာရှိသေး၍ အိမ်မပြန်ဖြစ်သေးပါ။ Elevator ထဲဝင်ကာအပေါ်တက်ဖို့ပြင်တော့ တစုံတယောက်လာနေတာတွေ့ရ၍စောင့်နေပေးလိုက်သည်။

သူ... ဂုဏ်ထည်ဝါ။

သူ့ဖက်ကနူတ်ဆက်လာ၍ပြန်နူတ်ဆက်လိုက်သည်။

ကလေးလေးလေ နေကောင်းရဲ့လား

ရှင်

သားအကြောင်းမေးလာ၍ရင်ထဲထိတ်သွားပေမယ့် ဘာမှမဖြစ်သလိုနေလိုက်ကာ

နေကောင်းပါတယ်

သူ့မျက်နှာကိုခိုးကြည့်ရင်းအတွေးများစွာ တွေးဖြစ်သည်။

Accident ဖြစ်တာ အခြေအနေ တော်တော်ဆိုးသွားခဲ့လား။

အရင်လိုပဲချောမောသောမျက်နှာကဟိုးအရင်အတိုင်းပဲ၊ စိတ်လူပ်ရှားမိနေတုန်းပင်။

ရူးနေလား မယ်ယွန်းဘုံ၊ သူ့အနားမှာအရင်ကတည်းက နင်ဆိုတာ ဘောင်မဝင်ခဲ့တာလေ။ အခုလဲနင်ကဘောင်မဝင်ဘူး ဆိုတာမသိဘူးလား။

ရုတ်တရက် Elevator ရပ်သွားတော့ အရှိန်နှင်သွားနေတာသွားဆိုတော့ တုန်ခါသွားရာ ဟန်ချက်ပျက်ရင်း သူ့ကိုလှမ်းဆွဲလိုက်မိသည်။

ရုတ်တရက်ဖြစ်သွားတာမို့ဘယ်လိုဖြစ်သွားမှန်းမသိလိုက်ပေမယ့်၊အသိဝင်လာတော့သူ့ရင်ခွင်ထဲမှာယွန်းတကိုယ်လုံးနစ်ဝင်နေခဲ့သည်။

အရင်ကရင်းနှီးနေကျကိုယ်သင်းနံပါလား...။

ဒီလူကိုယွန်းလွမ်းမှန်းမသိလွမ်းနေမိခဲ့မှန်းပိုသေချာသွားသည်။မျက်ရည်များရစ်ဝဲလာတာကိုထိန်းရင်းသူ့ရင်ခွင်ထဲမှထွက်လိုက်သည်။

မင်းကငါ့အပိုင်ပဲ...💜(You Are Mine...💜)Where stories live. Discover now