Chapter 38 (Unicode)

288 4 0
                                    

Henry လေးနှင့်အတူ ယွန်းတို့ ကစားကွင်းသို့သွားမည်ဆိုတော့ အားလုံးစိတ်လူပ်ရှားနေကြတာအမှန်ပါပဲ။

မိဘတွေကလဲ ယွန်းတို့ကိုအမြန်လက်ထပ်စေချင်ကြပါသည်။ ယွန်းလဲဒီ့ထက်ပိုပြီး သူနဲ့မဝေးချင်တော့ပါ။ သူနဲ့အတူရှိနေချင်ပြီး၊ သူ့အနားမှာနေသွားချင်ပါပြီ။

တစ်နေ့လုံး ယွန်းတို့မိသားစုလေးအတူတူပျော်ရွှင်နေကြပါသည်။ အတူတူပြုံးပျော်ရွှင်နေကြပြီး၊ အတူတူအချိန်ကုန်ဆုံးခဲ့ကြရတာ အင်မတန်မှပျော်စရာကောင်းခဲ့ပါသည်။ ဖခင်မေတ္တာငတ်မွတ်ခဲ့ရလို့များမသိ၊ သားလေး သူ့အဖေလက်ကိုမလွတ်တမ်းဆုပ်ကိုင်ထားတာမြင်ရတော့ ယွန်းရဲ့တဖက်သတ်ဆန်စွာဆုံးဖြတ်လိုက်မူကြောင့် သားလေးကိုခံစားစေခဲ့ရတာကိုတွေးမိပြီး စိတ်မကောင်းဖြစ်ရပါသည်။

သားလေးရယ်...မေမေနဲ့ဖေဖေကသားလေးအပေါ် ပိုပြီးချစ်ခြင်းမေတ္တာတွေပေးပြီး၊ နာကျင်ခံစားမူမျိုးမရှိစေရအောင်ထားပါမယ်လို့ မေမေကတိပေးတယ်နော်။

Mom, can you see me? When I looked from a great height, I saw you as small.

သားအဖနှစ်ယောက်တော်တော်အမြင့်ကြိုက်တာနော် ဆက်စီးဦးမလို့လား

No, it's enough mom

မစီးတော့ပါဘူးဗျာ ကဲသားလေး ဗိုက်ဆာနေပြီမလား သားကြိုက်တဲ့ ကြက်ကြော်သွားစားကြစို့

ဟုတ် ဖေ ဖေ

ဟား ဖေ့သားလေးကချစ်ဖို့ကောင်းလိုက်တာ မွ

သားလေးက သူ့အဖေနဲ့ကျတော့ ဗမာစကားကိုကြိုးစားပြီးပြောတတ်နေပါပြီ။ ယွန်းနဲ့ကျတော့ ဗမာစကားကိုနားလည်ပေမယ့် English လိုပြောတာအကျင့်ဖြစ်နေဟန်တူပါတယ်။

ကြက်ကြော်ဆိုင်ရောက်တော့ မထင်မှတ်ထားပါပဲ ရှင်းသန့်မေနှင့်ဆုံတွေ့လိုက်ရသည်။

ဂုဏ်

ဪ ရှင်းသန့်မေ ကြက်ကြော်လာစားတာလား

ဟုတ်တယ် ဂုဏ်တို့ကိုတွေ့လိုက်ရလို့နူတ်ဆက်တာပါ Bella ဟုတ်တယ်မလား အရင်ကတို့တွေဆုံခဲ့ဖူးတယ်လေ

ယွန်းထံသို့အကြည့်တို့ရောက်လာရင်းနူတ်ဆက်စကားဆိုလာတော့ ပြန်နူတ်ဆက်လိုက်ပါသည်။

ဟုတ်ပါတယ် ကျွန်မ မယ်ယွန်းဘုံပါ

ကိုယ့်မိသားစုပါ ဒါကိုယ့်သားလေး Henry ပါ ကိုယ်တို့မကြာခင်လက်ထပ်တော့မယ်

မေ နူတ်ခမ်းတွေဖျော့တော့ပေမယ့် အားတင်းကာပြုံးရယ်လိုက်ရင်း

Congratulations ပါ ဂုဏ်။ နောက်ဆုံးတော့ ဂုဏ်လိုချင်တဲ့မိသားစုဘဝလေးပိုင်ဆိုင်နိုင်ပြီနော် မေ ဂုဏ်ပြုပါတယ် Wedding တော့ မေ လာနိုင်မယ်မထင်ဘူး မေ မနက်ဖြန်ဒီနိုင်ငံကနေထွက်သွားတော့မယ် တခါတည်းနူတ်ဆက်လိုက်ပါတယ်နော်

ဂုဏ်ထည်ဝါ အနည်းငယ်အံအားသင့်သွားခဲ့ပေမယ့် ဒါဟာ ရှင်းသန့်မေရဲ့ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုတာကို နားလည်လိုက်ပါသည်။ Divorce လုပ်နေတာကိုကြားခဲ့ရပေမယ့် သူမစိတ်သက်သာရာရှာဖွေဖို့ ဆုံးဖြတ်ကာ ဒီနိုင်ငံကထွက်သွားတာဖြစ်နိုင်တယ်ဆိုတာ သူနားလည်သွားသည်။

Have a nice trip ဖြစ်ပါစေ ရှင်းသန့်မေ

Thanks မေသွားတော့မယ်နော် ခွင့်ပြုပါဦး

ဟုတ်ကဲ့ပါ

ဖေ ဖေ

ဗျာ

ကြက်ကြော်စားမယ်

ဟုတ်ပါပြီဗျာ သွားစို့

မေ ဂုဏ်တို့မိသားစုနားမှထွက်ခဲ့ရင်း မျက်ရည်တချို့ကြွေလွင့်သွားရင်းနဲ့ပင် နူတ်ခမ်းထက်ကအပြုံးတွေကပ်တွယ်နေတုန်းပါပဲ။

မေ ကျေနပ်ပါတယ် ဂုဏ်၊ ဟိုးအရင်ကမေချစ်ခဲ့ရတဲ့အမျိုးသားက အခုတည်ငြိမ်ရင့်ကျက်နေတဲ့ ကလေးတစ်ယောက်ရဲ့ဖခင်ဖြစ်နေခဲ့တာ မေ သိပ်ဂုဏ်ယူပါတယ်။ ကြည်နူးရိပ်တွေပြည့်နှက်နေတဲ့ ယွန်းရဲ့မျက်ဝန်းထဲကနေ ဂုဏ့်ကိုချစ်မြတ်နိုးတဲ့အငွေ့အသက်ကိုမေခံစားမိတယ်။ ဂုဏ် သိပ်ကံကောင်းပါတယ်။ မေ သိပ်ချစ်ခဲ့ရပေမယ့် ပိုင်ဆိုင်ခွင့်မထိုက်တန်ပေမယ့် ကျေနပ်စွာလက်လွတ်ခဲ့ပါတယ် ဂုဏ်ရယ်။ နောင်ဘဝတွေမှာများဆုံတွေ့ဖြစ်ခဲ့ရင် ဂုဏ်ကိုအရင်ဆုံးချစ်ခွင့်ရတဲ့သူ မေသာဖြစ်ပါစေကွယ်။

မင္းကငါ့အပိုင္ပဲ...💜(You Are Mine...💜)Donde viven las historias. Descúbrelo ahora