Chapter 13+++(Unicode)

457 5 0
                                    

တံခါးဖွင့်လိုက်တော့ သူကအပြုံးဖြင့်ယွန်းကို ဆီးကြိုပါသည်။

"Hello!"

"Hello!, How did you came to me?"

" ကိုယ်ပြန်လာတာနဲ့ အိပ်ပျော်သွားတယ်၊ ကိုယ်နိုးလာတော့ မိုးချုပ်နေပြီ၊ ညစာလဲမစားချင်တော့တာနဲ့ Wine သောက်ဖို့တစ်ယောက်ထဲဖြစ်နေလို့ ယွန်းကိုသတိရမိသွားလို့"

"ဒါဆို၊ ညစာဘာမှမစားရသေးဘူးလား၊ အခန်းထဲမှာခဏစောင့်ပေးနော် ယွန်းပြန်လာခဲ့မယ်"

"ဟာ... ရပါတယ်၊ ကျွန်တော့်အတွက် ဘာမှပြင်ပေးစရာမလိုပါဘူး၊ ဒီအတိုင်း တစ်ယောက်ထဲမသောက်ချင်တာနဲ့"

"ခဏလေးပဲစောင့်ပေးလေ၊ ယွန်း ပေါ့ပေါ့ပါးပါးစားလို့ရအောင်ပြင်ခဲ့မယ်နော်"

ယွန်း Kitchenထဲသွားပြီး Chef ကိုအကူအညီတောင်းကာ Seafoods ထမင်းကြော်လိုက်ကာ၊ ဂဏန်း Salad ရယ်၊ Steamed Eggs ဟင်းရည်ပြင်ကာ အသီးများကိုခွဲပြီး အားလုံးပြင်ဆင်ကာ အခန်းထဲယူခဲ့သည်။

အခန်းထဲရောက်တော့သူကယွန်းရဲ့ Diary စာအုပ်ကိုဖတ်နေမှန်းယွန်းသိလိုက်သည်။ ယွန်းကိုတွေ့လို့သူယောင်ပြီးပိတ်လိုက်မှန်း သိသာစွာ နေရာပုံပျက်နေခဲ့သည်။

အာ...ရှက်လိုက်တာ။ ယွန်းသူ့ကိုခိုးပြီး ချစ်နေခဲ့တွေသူသိသွားပြီထင်တယ်။ သူ့ငယ်ငယ်လေးတုန်းက Photo တွေများစွာ၊ diaryလေးထဲ ရှိနေခဲ့သည်လေ။

ရှက်ပေမယ့်မတတ်နိုင်ဘူး။ မသိယောင်ဆောင်ကာ သူ့အတွက် အစားအသောက်တွေပြင်ပေးနေမိသည်။

"အားနာလိုက်တာယွန်းရယ်၊ ကိုယ် ဒုက္ခပေးသလိုဖြစ်နေပြီ"

"မဖြစ်ပါဘူး၊ အရသာခံတွင်းတွေ့ပါ့မလား တောင်မသိဘူး ယွန်းလက်ရာကညံတယ်"

သူကထမင်းကြော်ကိုစားလိုက်ကာ

"Wow! It's so good. အရမ်းကောင်းတယ်၊ ကိုယ်တကယ် အံဩသွားတယ်။ ယွန်း တကယ်တော်တယ်"

"ဖြည်းဖြည်းစားနော်၊ ယွန်း အခန်းထဲမှာ ပစ္စည်းလေးတွေရှင်းလိုက်ဦးမယ်၊ အရသာရှိတယ်ဆိုရင် ကုန်အောင်စားရမယ်နော်"

"ဟုတ်ပါပြီဗျာ"

ယွန်း Diary စာအုပ်ကိုယူကာ အခန်းထဲဝင်ခဲ့သည်။ အခန်းတံခါး ပိတ်လိုက်ရင်း စာအုပ်ကိုဖက်ထားရင်း မျက်နှာတစ်ခုလုံးရဲတွတ်ကာရှက်နေမိသည်။

မင္းကငါ့အပိုင္ပဲ...💜(You Are Mine...💜)Where stories live. Discover now