"မိဘမျက်နှာမှ မထောက်ကွာ တောက်ခ်"
" ဟျွန်းလည်းမရည်ရွယ်ပါဘူး ပါး "
"မင်းကိုငယ်ငယ်ကတည်းက လိုလေစိတ်မရှိ ထားခဲ့တဲ့ငါ့ကို မင်းက အဖေမသိတဲ့ ဗိုက်တစ်လုံးနဲ့ အခုလို ကျေးဇူးဆပ်လိုက်တာပေါ့ "
"ပါး..."
"ငါ့ကို မင်းအဖေလို့ သတ်မှတ်သေးရင် အဲ့ဗိုက်ထဲက ကလေးဖျက်ချလိုက် "
"ဟင့်အင်း ဟျွန်းမလုပ်ချင်ဘူး ပါး..သူ့မှာဘာအပြစ်မှမရှိဘဲ"
"မင်းရဲ့ကျန်ရှိနေတဲ့ အနာဂတ်တစ်လျှောက်လုံး အဖေမသိဘဲ ရခဲ့တဲ့ ဒီဗိုက်ကိုသယ်ထားမယ်ပေါ့ ဟုတ်လား ပတ်ခ်ဆောင်းဟျွန်း ! "
ပါး ရဲ့စကားတွေကို ဘာမှပြန်မပြောနိုင်ဘဲ လက်ကိုသာသာကျစ်ကျစ်ဆုပ်ထားမိသည်။ မျက်ရည်ပေါက်များကလည်း ဘာလို့များကျမိသလည်း ထိုလူရော ဒီအကြောင်းသိလျှင် တာဝန်ယူမည်လား
ဟင့်အင်း မထင်ပါ တစ်ညတာအမှားကြောင့် ရခဲ့တာဘဲဟာ ဘယ်လိုလူကများ တစ်သက်တာ တာဝန်ယူပေးလိမ့်မည် နည်း
" သခင်ကြီး စိတ်လျှော့ပါ သွေးတိုးပြန်ထလာပါဦးမယ်"
"ဝင်ခွင့်ပြုပါ CEO Park "
"ဝင်ခဲ့"
"Spain ဘက်က Hotel စာချုပ်ကိစ္စ နဲ့ ဖုန်းဆက်လာပါတယ်"
"ငါလာမယ် ပြောလိုက်"
secretary Min နဲ့ CEO တို့ထွက်သွားကတည်းက နေရာကမထသေးဘဲ ငိုမြဲငိုနေတဲ့ ဒီကလေးလေးကို မေရီ တကယ်ကိုသနားမိပါသည်
ဘယ်ကံအကျိုးပေးတွေကြောင့်များ ဒီလိုဖြူစင်တဲ့ ကလေးလေးဆီမှာမှ အခုလို အဖြစ်ဆိုးတွေ ကြုံနေရသလည်း
" ဟျွန်း အခန်းထဲသွားရအောင်နော်"
ငိုချင်ရဲ့ လက်တို့ဆိုသလို အနားသွားလေတော့ ရင်ခွင်ထဲ ခြုန်းခြုန်းချ ငိုနေပြန်တဲ့ ဒီကလေးနဲ့တော့ မေရီ ရင်တွေလည်းနာလှပါပြီ
"မေရီစကားနားထောင်နော် ဟျွန်းလေး အခန်းထဲဝင်ပြီး အနားယူလိုက်နော် "
တွဲထူမိလေတော့ ဝါးဂွမ်းစလေးကို ပါးပါးလျလျပါလာခဲ့တဲ့ ကိုယ်လုံးလေး