Part 8

248 28 3
                                    

" မင်း ရေပြန်ချိုးမလား မိုးရေတွေ စိုနေတာ"

" တဘက်နဲ့ဘဲ သုတ်လိုက်မယ် ကျွန်တော် လဲစရာသိပ်ယူမလာဘူး "

" အအေးမိနေမယ် ရေသေချာသုတ်"

" နယ် စီနီယာ ဂျောင်းဝန်းရှီ "

" ရွဲမနေနဲ့ ငါရေသွားချိုးဦးမယ် "

" ဒါဆို ကျွန်တော် ကလေးတွေ အိပ်တဲ့အဆောင်မှာ စောင့်နေမယ်ဗျ "

" အင်း "

ကြမ်းပေါ်ကို ခြေသံဖွဖွလေးလျှောက်ပြီး ဝင်တော့ ကလေးတွေက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေကြတာဘဲ ။ အပြင် က မိုးအေးတာမို့ ကလေးတွေအပေါ်ကို ချည်စောင်းပါးလေးတွေ လိုက်ခြုံပေးရသည်။

" တကယ် အိပ်ပျော်နေကြတာဘဲ "

ဆောင်းဟျွန်း ကလေးတွေကို ကြည့်လေ ပိုပြီးအသဲယားလေ ။ အိပ်နေတော့ ပါးရဲရဲလေးတွေက အစ်ထွက်နေတာ ဝဝကစ်ကစ်လေးတွေ ။

" မင်းသာ အဲ့လိုလျှောက်ထိနေရင် ကလေးတွေ နိုးကုန်တော့မှာဘဲ "

ဟုတ်သည်လေ ဟီဆွန်း သူ့ကို ကြည့်နေတာ ကြာလှပြီ ကလေးတွေကို ပါးတွေညစ်လိုက် မျက်တောင်လေးတွေ ထိလိုက်နဲ့ တစ်ယောက်ထဲအလုပ်ရှုပ်နေတာ။

" ဘယ်ချိန် ကတည်းကရောက်နေတာလည်း "

" မင်း စရောက်ကတည်းက "

" အော် "

" ရော့ ယူလိုက် "

​နွားနို့ပူပူလေးတစ်ခွက် နဲ့ စောင်ပါးလေးတစ်ထည်

" ဒါတွေက..."

" မင်းတို့ ပန်းကန်ဆေးတဲ့နေရာက တံစက်မြိတ်ကရေတွေ ကျနေတာမလား အလကားနေ ဧည့်သည်ကို ဖျားအောင် လုပ်မိတယ် ပြောခံရမှာစိုးလို့ "

" ဟုတ် ကျေးဇူးတင်ပါတယ်ဗျ "

" အင်း "

သူနဲ့ ကျွန်တော်ကြား အချိန်အတော်ကြာထိ အသံတိတ်ဆိတ်သွားတယ် ။ သူက ကျွန်တော်ပေးတဲ့ စောင်ပါးလေးကို ခြုံထားပြီး ကျွန်တော်ပေးတဲ့ နွားနို့ပူလေးကို သောက်ရင်း အပြင်က မိုးစက်တွေကို ကြည့်နေတယ်။ ကျွန်တော်ကတော့ ထိုကောင်လေးရဲ့ အသေးစိတ်ကစ ကျွန်တော်မှတ်ဉာဏ်ထဲ မှတ်နေခဲ့သည် ။

"နှလုံးသားနှင့်ရင်း၍"Where stories live. Discover now