" Good morning ဆောင်းဟျွန်းရှီ "
အောက်ထပ်ဆင်းလာတော့ ဒေါက်တာကလည်း မီးဖိုဆောင်ဘက်မှ ထွက်လာသည်။ ငွေရောင်မျက်မှန်းကိုင်းကို ပင့်တင်းရင်း လက်ထဲမှာလည်း ကော်ဖီတစ်ခွက်နဲ့
" Good morning ပါဗျ "
" ကျောင်းသွားတော့မလို့လား စောသေးတာကို "
" စာမေးပွဲကလည်း နောက်အပတ်ဆိုတော့ ပြင်ဆင်စရာတွေ များလို့ပါဗျ "
" အာ..မနက်စာရော မစားတော့ဘူးလား "
" ကျွန်တော် ဗိုက်မဆာလို့ပါဗျ "
" မနက်စာဆိုတာ မဖြစ်မနေစားသင့်တာကို..ကောင်းပါပြီ ဗိုက်မဆာဘူးဆိုလည်း "
".."
" ဒါဆို ကျွန်တော် သွားတော့မယ်ဗျ "
" အင်း "
တကယ်တော့ ဆောင်းဟျွန်း ထနေကျအချိန်ထက်တောင် စောထပြီး မနက်စာစားမလို့ လုပ်ထားတာ။ ဒေါက်တာက သူ့ထက်စောနိုးနေတော့ မစားတော့ဘဲ တန်းထွက်လာတာ ။ ပထမဆုံးရက်မို့လို့နေမယ် အိမ်မှာ ဒေါက်တာရှိတာကို နေသားမကျသေးဘူး ။ အခုတော့ ကိုယ်ထိုက်နဲ့ကိုယ့်ကံ မနက်စာ ငတ်လာရပြီ
" ဦးလေး ကျွန်တော့်ကို ကျောင်းနားက ကော်ဖီဆိုင်ရှေ့ရပ်ပေးနော် ကျွန်တော် ကော်ဖီဝယ်ချင်လို့ "
" ဟုတ်ကဲ့ "
" ဖေဖေ မီဆွန်းရော "
" အော် သူ့သူငယ်ချင်းလာခေါ်သွားပြီ သူတို့လည်း စာမေးပွဲနီးနေပြီထင်တယ် "
" သူငယ်ချင်း ! မိန်းကလေးလား ယောကျာ်းလေးလား "
" ယောင်းဂျီလာခေါ်တာပါကွ ဘာဖြစ်လို့လည်း "
" ဘာမှမဟုတ်တော့ဘူး "
" အလန့်တကြားနဲ့ အမြဲတမ်း "
" မသိတဲ့သူနောက်လိုက်သွားမှာစိုးလို့ပါ "
" မင်းညီမကလေးမဟုတ်တော့ဘူး သူစဉ်းစားတတ်နေပါပြီ"
"မဟုတ်ဘူး..သူက ကျွန်တော့်အတွက် အမြဲကလေးဘဲ "
ဘယ်လို မောင်နှမပါလိမ့်ကွာ တစ်ယောက်တစ်မျိုးနဲ့
" ဒီနေ့ ဘာလုပ်စရာတွေ ရှိလည်း ဖေဖေ"
" ခြံထဲ ပန်းတွေခူးရမယ် ပြီးတော့ မဒမ်တို့ဆီ နွားနို့ပို့ရမယ် "