Part 16

176 18 2
                                    

" မောနင်း ပါးပါး "

" မောနင်း ဒီနေ့ အစောကြီး နိုးတာဘဲ "

" ဟုတ်တယ်ဗျ ဟျွန်း မနက်စာစားပြီး ကလေးတွေအတွက် လက်ဆောင်လေးတွေ သွားဝယ်မလားလို့ မဟုတ်တောင် ဟျွန်းတို့ သဘက်ခါလောက် သွားကြမှာဆိုတော့ "

" အင်း ဒါဆို သွားရင် ပါးပါး card ယူသွား သားအတွက် လိုတာရှိလည်း တစ်ခါတည်း ဝယ်ခဲ့ ဟုတ်ပြီလား "

" ဟုတ်ကဲ့ပါဗျ "

" အန်ကယ် ကျွန်တော် ဝင်လာလို့ရမလားဗျ "

" ဒေါက်တာ ရောက်လာပြီလား လာလာ ဝင်ထိုင် မမေရီ ဒေါက်တာစားဖို့အတွက် ပန်းကန်ပြင်ပေးပါဦး"

"ပါးပါး ဒေါက်တာကို ပါးပါးတို့နဲ့အတူ မနက်စာအတူစားဖို့ ခေါ်လိုက်တာလေ "

" ဆောင်းဟျွန်း စာမေးပွဲဖြေပြီးပြီပြောတယ် ဘယ်လိုလည်း ဖြေနိုင်ခဲ့ရဲ့လား "

" ဖြေနိုင်ပါတယ် "

" စာမေးပွဲပြီးပြီဆိုတော့ ဘယ်သွားချင်လည်း လိုက်ပို့ပေးမယ်လေ "

ငါ့ကိုများ ကလေးလို့ထင်နေတာလား ပြောပုံက !

" အန်ကယ် ဒေါက်တာကို ခေါ်လိုက်တာ အဲ့ကိစ္စပြောမလို့ဘဲ"

" ဘာကိုလည်းဗျ "

" သားက  သူ့စီနီယာဆိုတဲ့သူနဲ့ ဘူဆန်ကို တစ်ပတ်လောက်သွားမလို့တဲ့လေ အဲ့တာ အန်ကယ်က သူတို့ချင်းဆို စိတ်မချလို့ ဒေါက်တာများအချိန်ရှိရင် လိုက်နိုင်လားလို့ပါ"

" ကိစ္စမရှိပါဘူးဗျ လိုက်နိုင်ပါတယ် ကျွန်တော့်ကို သွားမယ့်ရက်သာ ပြောပါဗျ"

" မနက်ဖန်သွားကြမယ်ပြောတယ်"

"ဟုတ်ကဲ့ ကျွန်တော် schedule တွေရွှေ့ထားလိုက်မယ်ဗျ"

" ပါးပါး ဟျွန်းဗိုက်ဝပြီ သွားတော့မယ်"

" သေချာဂရုစိုက်သွားနော်"

" ဟုတ်ပါပြီဗျ ဒေါက်တာလည်း ကျွန်တော့်ကို ခွင့်ပြုပါဦး "

ဆောင်းဟျွန်းထသွားတာနဲ့

" အန်ကယ် ဆောင်းဟျွန်းက ဘယ်သွားတာလည်းဗျ "

" အော် ကလေးတွေကို ပေးဖို့ လက်ဆောင်သွားဝယ်တာတဲ့"

"နှလုံးသားနှင့်ရင်း၍"Where stories live. Discover now