Part 9

238 34 2
                                    

အပြင်က မိုးအေးတာကြောင့်ရော ပါလို့ထင်တယ် ကောင်လေးပါးတွေက ခါတိုင်းထက် ပိုရဲနေတယ်ထင်။

"ကိုယ့်ကို မင်းပါးကို ထိခွင့်ပြုပါနော် ဆောင်းဟျွန်း"

အိပ်နေသူဆီက ခွင့်ပြုလား ခွင့်မပြုလား မသိပေမယ့် ကျွန်တော့် လက်ဖဝါးတွေက မျက်စိရှေ့က အိပိစက်စက်အရာလေးကို ထိတွေ့ပြီးနေပြီ ။ဟီဆွန်း လက်ကို မလှုပ်ရဲ တော်ကြာ အိပ်နေသူလေး နိုးလာမှ ! ဒီတိုင်းလေး တကယ်ကို ဒီတိုင်းလေးဘဲ သူ့ပါးတွေကို ကျွန်တော့် လက်ဖဝါးပြင်ကျယ်ကြီးနဲ့ ထွေးပွေ့ထားခဲ့တာ။

လူတစ်ယောက်ကို ငေးကြည့်နေရတာလေ ဒီလောက်ထိ ရင်ကိုအေးချမ်းစေမှန်း မသိခဲ့ဘူး ။

အင်း း း

ဟော အိပ်ပုတ် နိုးလာပြီထင်တယ် ။ ကျွန်တော့်လက်ကို သူ့ပါးတွေဆီက မခွာပေးပါဘူး ဒီကောင်လေးက တအား အရှက်သည်းတာ သူ့ကို စချင်တာကြောင့် လက်နှစ်ဖက်လုံးနဲ့တောင် ပါးတွေကို ညစ်လိုက်သေး

ဟင် ! ဒါ ဘာအခြေအနေကြီးလဲ ကျွန်တော့်ပါးတွေကို လာကိုင်နေပြီး လူကို ပြုံးနေတဲ့ မျက်စိရှေ့ကလူ ၊ တကယ်ဘဲ သူဘာဖြစ်ချင်နေတာလည်း

" ဒါ..ဒါ ဘာလုပ်နေတာလည်းဗျ အီဟီဆွန်းရှီ "

ကျွန်တော်မပြောဘူးလား ဒီကောင်လေးက အရှက်သည်းပါတယ်ဆို ဟော အခုကြည့် စကားတွေတောင် ထစ်ပြီး အီဟီဆွန်းရှီတွေတောင် ဖြစ်ကုန်ပြီ ㅋㅋ

" ကိုယ် တကယ် အသဲယားလာပြီ "

" အား "

ဘာလည်းဟ ဒီလူ ! သူဘာသူ အသဲယားတာ ငါနဲ့ဘာဆိုင်လို့ ပါးတွေကို ဆွဲလိမ်တာလည်း ဒီလူနဲ့ ရှင်းမှကိုရမယ် မဖြစ်တော့ဘူး

" ဒီမှာ အီဟီဆွန်းရှီ "

" ဗျာ "

" ခင်ဗျားက ကျွန်တော့်ထက် အသက်ကြီးတာ မှန်ပေမယ့် ကျွန်တော့်ကို အနိုင်မကျင့်ပါနဲ့ "

" ကိုယ်ဘာလုပ်မိလို့လည်း "

" ခင်ဗျား ကျွန်တော့်မျက်နှာကို လာကိုင်တယ်လေ ဒါတင်မက ဆွဲလိမ်လိုက်သေးတယ် နာတယ်ဗျ သိရဲ့လား "

"နှလုံးသားနှင့်ရင်း၍"Where stories live. Discover now