Part 17

369 20 4
                                    

နောက်နေ့ မိုးဖွဲဖွဲလေးတွေရွာလာတော့ ကောင်းကင်ကြီးက ငါ့ခံစားချက်တွေ သိနေလို့များလားလို့ ဟီဆွန်း ရူးကြောင်ကြောင်အတွေးမျိုး တွေးမိသေးသည်။

​ရာသီဥတုက အုံ့မိုင်းမိုင်းနဲ့ ဘာမှလုပ်ချင်ကိုင်စိတ်မရှိ။ ဘာမှမလုပ်ချင်ပေမယ့် ဒီနေ့ရော ကောင်လေးလာလောက်တယ်ဆိုပြီး ဂေဟာရှေ့မှာ  မနေ့ကထိုင်စောင့်နေခဲ့တာ။ စောင့်နေရင်းနဲ့ကို ကောင်လေးကို လွမ်းရတာကလည်း တစ်မျိုး။

အရင် တစ်ခေါက်က နမ်းမိလိုက်တာကိုလည်း ကောင်လေးများ စိတ်ဆိုးနေမလား။

တံစက်မြိတ်က ကျနေတဲ့ မိုးစက်လေးတွေကို လက်ဖဝါးနဲ့ ခံရင်း

" မင်းတို့ပြောကြည့် သူ့ငါ့ကို စိတ်ဆိုးနေလောက်လား "

" ငါ့ကို နှာဘူးလို့ ထင်သွားရင် ဘယ်လိုလုပ်မလည်း "

" ငါတောင်းပန်သင့်လား "

မီဆွန်းက အဖေဖြစ်သူလက်ကို ဆွဲလာပြီး

​" ဖေဖေ ကြည့်ကြည့်ဖေဖေ့သား ဘယ်သူနဲ့ စကားပြောနေတာလည်း ရူးသွားတာလား ဒါမှမဟုတ် သရဲကပ်နေတာလား မသိဘူး ပြသင့်တဲ့ဆီ ပြကြည့်ပါဦး နောက်ကနေ ကြည့်နေရတာ ကြက်သီးထတာ ။ "

" အဲ့တာ သမီးအကိုက အချစ်ရူးနေတာ သူ့ခံစားနေရတဲ့ ဝေဒနာကို သူ့အချစ်ကဘဲ ပျောက်အောင်လုပ်ပေးလိမ့်မယ် ဘယ်မှပြစရာမလိုဘူး ။ သူ့ကို လွတ်ထားလိုက်  အခုတော့ လာအဖေတို့သွားမယ် "

" ငါ သူစိတ်ဆိုးပြေတဲ့ထိ တောင်းပန်မှာမို့ မင်းတို့က သူ့နဲ့တွေ့ရဖို့ တစ်ခုခုလုပ်ပေး ဟုတ်ပြီလား "

" ဒီအချိန် သူဘာတွေများလုပ်နေမလည်း မင်းတို့ပြောကြည့် "

" ဘယ်သူနဲ့ စကားပြောနေတာလည်းဟင် "

" မိုးစက်တွေနဲ့ ပြောနေတာလေ "

ဟင် နေပါဦး သူဒီအသံကို ကောင်းကောင်းသိတယ်။
ဒီ...ဒီအသံက..  ကောင်လေး !

လှည့်ကြည့်လိုက်တော့ ရက်ပေါင်းများစွာ လွမ်းနေခဲ့ရတဲ့ မျက်နှာလေးနဲ့ ပက်ပင်းတိုးတယ်။ ကိုယ်ကဘဲ လွမ်းလွန်းလို့ အမြင်တွေမှားနေတာလား။

You've reached the end of published parts.

⏰ Last updated: Jul 08, 2023 ⏰

Add this story to your Library to get notified about new parts!

"နှလုံးသားနှင့်ရင်း၍"Where stories live. Discover now