Part 7

268 33 1
                                    

" ဟော ပြောရင်း ရောက်လာကြပြီထင်တယ် ကလေးတို့ရေ ဦးဦးရောက်လာပြီဟေ့ "

ကလေးတွေက ဦးဦးလို့ပြောတာနဲ့ ကျွန်တော်နား တွယ်ကပ် နေရာမှပြေးထွက်သွားလိုက်ကြတာ မနာလိုမိသည် တကယ် ကို !

" Jong Hwa မတွေ့ရတာတောင်ကြာပြီကွာ မင်းနေကောင်းတယ်မလား အမလေး ငါတို့ ဟီဆွန်းလေးလည်း တစ်ခါတစ်ခါလာရင် ပိုကြည့်ကောင်းလာတာပါ့လား "

" ကျွန်တော်က အဖေနဲ့တူတာကိုဗျ "

" ဟုတ်ပါပြီ မင်းတို့သားအဖတွေတော့ မနိုင်ဘူးဟေ့ လာဝင်ရအောင် မင်းတို့စားဖို့ ပြင်ထားတယ် "

" ကိုယ့်အိမ်လို လွတ်လွတ်လပ်လပ်ထိုင်ကြကွာ ဟုတ်ပြီလား"

" မင်းတို့ကို ငါ့သားကြီးနဲ့ မိတ်ဆက်ပေးဦးမယ် သားရေလာပါဦး ဒါ Yang Jungwon တဲ့ သားမှတ်မိလားတော့မသိပေမယ့် သားငယ်ငယ်က ဟောဒီ ဦးလေး Jong Hwa လက်ပေါ်မှာ ကြီးပြင်းလာတာ "

" ဟုတ် မှတ်မိပါတယ်ဗျ "

" သားက ငယ်ငယ်ကထက် ပါးချိုင့်လေးတွေ ပိုထင်းလာတာဘဲ အော် ဒီမှာ သူက Lee Heeseung တဲ့ ဦးလေးရဲ့ သားအကြီး သားနဲ့ အသက်တူတူလောက်ဘဲ "

လူကြီးတွေ စကားကောင်းနေတုန်း Ri က ဟီဆွန်းဆီ ဦးတည်ပြီး ပြေးလာဖက်ပြီး ချီခိုင်းသည်။

" ဦးဦး"

" အမလေး လာပါဦး ဦးဦးရဲ့ Ri လေး အိုးဟို့ ချောကလက် တွေ စားနေတာလည်း ဘယ်သူကျွေးတာလည်းဗျ "

"ဦးငယ်"

ဟီဆွန်း တွေးဆဆဖြစ်သွားသည်။ Ri ကသူစိမ်းတွေနား ကပ်တာရှားသည်။ ကျွန်တော်ကိုဘဲ တွယ်တဲ့ကလေးမလေးက အခုတော့ " ဦးငယ်" တဲ့ဗျာ ။ ထို " ဦးငယ်" ဆိုသူကိုလေ
တကယ်ကို သိချင်မိသည်။ ဘယ်လိုတွေကြောင့်များ Ri က တွယ်တာသွားရတာလည်းမသိ။

" ဦးငယ် ဆိုတာ ဘယ်သူလည်း Ri "

" ဟို ဦးဦး သူငယ်ချင်း"

ဆိုပြီး Jungwon ကို လက်ညိုးထိုးပြသည်။

" ဦးလေးလည်း သားကို အဲ့ဒါပြောမလို့ အဲ့ကောင်လေးကိုလေ Ri က မြင်မြင်ချင်း စကားသွားပြောတာဟေ့ "

" ဟုတ်လား Ri လေးက အများကြီး လိမ္မာလာတာဘဲ နောက်ခါလည်း စကားတွေအများကြီး ပြောရမယ်နော် "

"နှလုံးသားနှင့်ရင်း၍"Where stories live. Discover now