Part 6

265 33 2
                                    

" ငါမင်းနဲ့ စကားပြောချင်လို့ "

"ပြောလေ"ဆိုပြီး စီနီယာပြောလာမည်ကို နားစွင့်ထားလိုက် သည်။

" မင်းငါ့ကို မမေးတော့ဘူးလား ဒါတွေ ဘယ်ကစလည်းဆိုတာ "

" စီနီယာမိသားစု ကိစ္စမို့ အတင်းမမေးချင်ဘူး စီနီယာအိမ်နား အန်တီတစ်ယောက်ပြောလို့ နည်းနည်းသိထားတယ် ဟို..စီနီယာ အဖေ "

" ဟုတ်တယ် သူ့ကြောင့်ဘဲ သူလောင်းကစားတွေမှာ ရှုံးတာများတော့ ငါတို့ မိသားစု စီးပွားရေးလည်း ကျလာတယ် တဖြေးဖြေး အကြွေးတွေက များလာတော့ အိမ်တွေကားတွေ အကုန်ရောင်းခဲ့ရတယ် နောက်ဆုံး အခုငါ့ဆီလာလာနေတဲ့သူတွေကနေ ငွေချည်းခဲ့တာဘဲကွာ "

" စီနီယာ အမေရော "

" ဟင်း ငါ့အမေလား "

စီနီယာမျက်နှာက အတော်ကို နာကျဉ်းနေဟန်

" အမေက စီးပွားရေးတွေ စအဆင်မပြေပြီ ဆိုကတည်းက အဖေ့ကို ကွာရှင်းစာချုပ် တစ်ရွက်ပို့ပြီး ဘယ်သူမှမသိအောင် အိမ်ကထွက်သွားတာ ငါ့ကိုတောင် မနှုတ်ဆက်ဘဲနဲ့လေ အခုသူဘယ်မှာလည်း ငါမသိဘူး သိလည်းမသိချင်ဘူး "

ကျွန်တော်က စိတ်ဘဲ ပင်ပန်းခဲ့ရပေမယ့် စီနီယာက စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့ရတာ ။ ဘဝကို တစ်ယောက်တည်း ရှင်သန်ခဲ့ရတာ

ကျွန်တော့်မှာ စုမိသလောက် ပိုက်ဆံတွေကို စီနီယာကို ပေးတော့ ငြင်းသည် ။ " မင်းဆီက ပိုက်ဆံလိုချင်လို့ ငါမင်းကို ပေါင်းခဲ့တာ မဟုတ်ဘူး " တဲ့လေ ။

" ငါမင်းကို ဘာကြောင့် ဒါတွေပြောပြနေရလည်း မင်းသိလား"

" ဘာလို့လည်း "

" ငါ ဘယ်သူမှ ဒါတွေမပြောပြခဲ့ဖူးဘူး ဆောင်းဟျွန်း မင်းအပေါ်ငါ အခုကျေးဇူးကြွေးတွေ ရှိသွားပြီ ငါ အခုပိုက်ဆံမရှိသေးပေမယ့် ငါ ဟိုလူတွေကို ပေးစရာကုန်ရင် မင်းကို ပြန်ဆက်ပါ့မယ် "

" နေပါဦးဗျ စီနီယာ ဘာလို့ ဒီလောက်တောင် အများကြီး တွေးနေရတာလည်း ဘယ်က ကျေးဇူးကြွေးကပါလာတာ လည်းဗျ ကျွန်တော်တို့က သူငယ်ချင်းတွေမို့ တစ်ယောက် ခက်ခဲရင် တစ်ယောက်က ကူညီပေးရမှာဘဲ "

"နှလုံးသားနှင့်ရင်း၍"Where stories live. Discover now