Part 5

264 38 0
                                    

စီနီယာကို ကျောင်းမှာ မတွေ့ဖြစ်တာ တစ်ပတ်လောက်ရှိပြီ ။ သူ့သူငယ်ချင်းတွေ မေးတော့လည်း ရေရေရာရာမသိကြ ။ ဒါကြောင့် စီနီယာရဲ့ အတန်းပိုင်ဆရာမဆီ အိမ်လိပ်စာမေးပြီး
နေ့လည်အတန်းလစ်ကာ သွားလိုက်သည် ။

ဆရာမမေးတဲ့ အိပ်လိပ်စာအတိုင်းသွားတော့ လမ်းကြားကျဉ်းကျဉ်းလေး တစ်ခုရှေ့ ခရီးဆုံးသည် ။ လမ်ကြားကျဉ်းလေးထဲမှာ အိမ်အသေးလေးတွေက တစ်အိမ်နဲ့ တစ်အိမ် ပူးကပ်နေလိုက်တာ ။

ကျွန်တော် ရပ်ကွက်ထဲ ဝင်လာတာနဲ့ မျက်လုံးစိမ်းကြီးတွေနဲ့ ဝိုင်းကြည့်ကြသည် ။ လမ်းကိုခပ်သွက်သွက်လျှောက်ပြီး စီနီယာကို အိမ်ကို အမြန်ရှာမိသည် ။ အိမ်ရာတွေက ဘယ်လောက်များတယ်မသိတော်တော်နဲ့ ရှာလို့မတွေ့တာကြောင့် အိမ်တစ်အိမ်ရှေ့ ထိုင်နေတဲ့ အဖွားတစ်ယောက်ကို စီနီယာနာမည်ပြောပြီး မေးတော့ အဖွားက ရပ်ကွက်ထောင့် နားက အိမ်အပြာလေးကို ညွှန်ပြသည် ။

ဟင် !

အဖွားညွှန်ပြလိုက်တဲ့ အိမ်အပြာလေးက သော့ခတ်ထားတာ ။ စီနီယာ အိမ်မှာ မရှိတာများလား ။

" ဒီမှာဗျ ဒီအိမ်ပိုင်ရှင် အပြင်သွားတာလားဟင် "

" အန်တီတို့လည်း မသိဘူးကွယ့် ဂျောင်းဝန်းက အတော် အနေတိတ်ဆိတ်တဲ့ ကလေး သူအိမ်မှာရှိလည်း မသိရ အပြင် သွားလည်း မသိရပါဘူးကွယ် ဒါပေမယ့် သူ့ကို မတွေ့ဖြစ်တာ တော်တော်ကြာပြီ ဒီကလေး အဆင်မှပြေရဲ့လား ဟိုလူတွေများ ထပ်လာသွားသလားမသိဘူး "

" ဟိုလူဆိုတာက...."

" သူ့အဖေက မကောင်းတဲ့ လူတွေနဲ့ ပတ်သက်ပြီး လောကကြီးထဲက အရင်ထွက်သွားတော့ ကျန်ခဲ့တဲ့ ဟောဒီကောင် လေးကဘဲ အပြစ်တွေ အကုန်ရင်စည်းခံနေရတာ သနားစရာပါကွယ် "

အန်တီပြောတာတွေ နားထောင်ပြီး ဆောင်းဟျွန်း စိတ်နဲ့လူနဲ့တောင် မကပ်ချင်တော့သလို ။ စီနီယာ အများကြီး ပင်ပန်းနေခဲ့မှာဘဲ

ဆောင်းဟျွန်းလည်း သော့ခတ်ထားတဲ့ အိမ်တံခါးမကြီးကို အကြိမ်ကြိမ်ခေါက်နေမိသည် ။

ဒေါက် ဒေါက်

" လူရှိလား "

ဒေါက် ဒေါက် ဒေါက်

"နှလုံးသားနှင့်ရင်း၍"Where stories live. Discover now