စာသင်ကျောင်း ဆောက်ဖို့အတွက် ဖေဖေက တစ်ပတ်ကျော် လောက် အလုပ်ရှုပ်နေခဲ့သည်။ ကိုကြီးကလည်း လိုတာတွေ မြို့တက်ဝယ်ရနဲ့ ဖေဖေ့ကူရဆိုတော့ ကိုကြီးလည်း မအားပေ။
မီဆွန်း ထိုသူနဲ့ကိစ္စကို ပြောပြချင်ခဲ့သည်။ ဖေဖေကို မပြောနိုင်သေးတောင် ကိုကြီးကို ပြောပြဖို့ သတ္တိမွေးနေခဲ့ပေမယ့် မျက်နှာချင်းဆိုင် ရင်ဆိုင်ရတိုင်း ပြောရမည့် စကားများမှာ လည်ပင်းထဲတွင် တစ်ဆို့နေခဲ့တော့သည်။ ဘယ်ကစရမလည်း ဘယ်လိုစပြောရမလည်း လုံးဝမသိ။
တွေးရင်ဖြင့် အိမ်ရှေ့ ကားရပ်သံကြားတယ်။ ဖေဖေတို့ နေ့လည် ပြန်လာစားတာထင်တယ် ။
" တစ်နေကုန် ပင်ပန်းထားသမျှ အမောပြေလေးက အိမ်ရှေ့ထွက်ကြိုတော့ အမောကိုပြေလို့ပါလားဟေ့ "
" ဟီးဟီး မြှောက်မပြောပါနဲ့ရှင် ဖေဖေကလည်း မီဆွန်း ထမင်းစားဖို့ အားလုံး ပြင်ဆင်ပြီးထားသားပါရှင့် ဒါနဲ့ ကိုကြီးရော တစ်ခါတည်း လိုက်မလားဘူးလားဟင် "
" သူလုပ်စရာရှိတယ်ဆိုပြီး မြို့တက်သွားတယ် နေ့လည်စာ အဖေတို့ကို စားနှင့်ပါ မစောင့်ပါနဲ့တဲ့ "
" အာ..ဒါဆို သမီးတို့ သားဖနှစ်ယောက်တည်းပေါ့ "
" ဟုတ်ပါ့ဗျာ "
နည်းနည်း စိတ်လှုပ်ရှားနေပေမယ့် မျှော်လင့်မိနေတယ်။ ကောင်လေးကို အိမ်ပြန်လိုက်ပို့ပြီးတည်းက သူတို့ မတွေ့ဖြစ်တာ တစ်ပတ်လောက် ကြာလေရောပေါ့ ။
" မတွေ့ဖြစ်တာ " ထိုစကားက နည်းနည်း ရီချင်စရာကောင်းသည်။ အရင်ကလည်း ကောင်လေးနဲ့ ကျွန်တော်က နေ့တိုင်း တွေ့ဖြစ်ခဲ့တဲ့ ဆက်ဆံရေးလည်း မဟုတ်သည့်တိုင် ၊ အရင်တစ်ခေါက် တွေ့ဆုံခဲ့ခြင်းကလည်း တစ်ယောက်တစ်ယောက်နဲ့ ရင်နှီးရုံမျှသာ ။ အခုလို တသီးတစ်သန့်သွားတွေ့ဖို့ရာလည်း စိတ်လှုပ်ရှားနေခဲ့တော့သည်။
နေ့လည်စာစားချိန်ကတည်းက စထွက်ခဲ့တဲ့ သုံးနာရီကြာ မောင်းရတဲ့ ခရီးက နောက်ဆုံးတော့ အကြင်သူရှိရာကို ရောက်ခဲ့လေပြီ ။ ကောင်လေး အိမ်နားရောက်နေသည့်တိုင် အကြင်သူကို တွေ့ရင် ဘာပြောရမလည်းဆိုတာကို မသိသေးတဲ့ ကျွန်တော်ဟာ ခပ်တုံးတုံး လူတစ်ယောက်ဖြစ်နေပြီ မဟုတ်ပါလား ။ အချစ်နဲ့တွေ့ရင် လူတိုင်းက ဒီလိုမျိုး ဖြစ်နေကျလား