Part 15

187 20 3
                                    

Exam လည်းပြီးလို့ တစ်ပတ်တိတိ ကြာသွားပေမယ့် ဆောင်းဟျွန်း အခုထိ ဘူဆန်အကြောင်း ပါးပါးဆီ စကားမစရသေး ပါးပါးကလည်း ခရီးကနေ ပြန်မလာသေးတာကြောင့်လည်း ပါမယ်ထင်ပါရဲ့

" ဘယ်ကနေစပြောရမလည်း ဟူး "

- ဒေါက် ဒေါက် -

" ဟုတ်ကဲ့ "

- သခင်လေး ဥက္ကဋ္ဌကြီးပြန်လာနေပြီလို့ ပြောပါတယ် ပြီးတော့ သခင်လေးကို  ပြောစရာရှိလို့ ဘယ်မှ မသွားဘဲ စောင့်နေပါလို့ မှာခိုင်းလိုက်ပါတယ်ဗျ

"ဟုတ်ကဲ့ပါ ဟျွန်းခနနေဆင်းလာမယ်"

အိုကေ ဒါ မင်းအတွက် အခွင့်အရေးဘဲ သေချာပေါက် ပြောဖြစ်အောင် ပြောရမယ် မင်းလုပ်နိုင်ပါတယ် ဖိုက်တင်း !!

အိမ်ရှေ့ကားသံကြားတာနဲ့ ဆောင်းဟျွန်းပြေးဆင်းသွားတယ်။

" ပါးပါးရောက်လာပြီလား ညနေစာရော စားပြီးပြီလား "

" အင်း ပါးပါးစားခဲ့ပြီ "

" ဒါဆို ကော်ဖီ ? "

" တော်ပြီ ရေတစ်ခွက်ဘဲယူခဲ့ခိုင်းလိုက် ဟျွန်းက ပါးပါးနဲ့လိုက်ခဲ့ "

" ဟုတ်ကဲ့ ဗျ"

ပါးပါးက သူ့စာကြည့်ခန်းထဲ ကျွန်တော့်ကို သူနဲ့ မျက်နှာချင်းဆိုင် ထိုင်ခိုင်းတယ်။ ငါးမိနစ်လောက်ထိ ပါးပါးဘက်က ဘာစကားမှမပြောဘဲ ကျွန်တော့်ကို စိုက်ကြည့်နေတာဗျာ ! အစကတည်း ကိုယ့်အပူနဲ့ကို ဖြစ်နေတဲ့ဟာ အခု ပါးပါးက ဒီလိုကြည့်နေတော့ လူက ထရခက် ထိုင်ရခက်

" ပါးပါး ဘာဖြစ်လို့လည်းဗျ ဟျွန်း တစ်ခုခု အပြစ်လုပ်မိလို့လားဟင် "

ကျွန်တော်ပြောတာ ကြားပြီး ပါးပါးက အားရပါးရ ရီလေသည်။

" ဘာလို့ ဒီလိုမေးတာလည်း ဘာလည်း သားက တကယ်ဘဲ အပြစ်လုပ်ထားလို့လား "

" မဟုတ်ရပါဘူး ပါးပါးရဲ့ ပါးက ဟျွန်းကို ဘာမှမပြောဘဲ ကြည့်နေတော့ တစ်ခုခုများ အမှားလုပ်ထားမိပြီလားလို့ "

" သားဒီတစ်ခေါက် exam အမှတ်အများဆုံးဘဲတဲ့ ပါးကို ဒီနေ့ email ပို့လာတယ် "

" ဗျာ results က နောက်တစ်ပတ်မှ ထွက်မယ်လို့ သေချာပြောထားတာပါ ပါးက ဘယ်လိုကြိုသိ.."

"နှလုံးသားနှင့်ရင်း၍"Where stories live. Discover now