" အဟမ်း မီရား..နယ်ရော် "
လူကိုရီချင်တိုင်း ရီပြီးမှ ဒီကလေးနဲ့တော့ !
" ဒီလိုကြီးဘဲ မျက်မှောင်ကြုတ်နေတော့မှာလား အီဟီဆွန်းရှီ..မဖြစ်သေးပါဘူးဗျာ "
ကလေးပီပီ အပြောထက်လက်သွက်တဲ့သူက ကျွန်တော် ဘာမှ ပြန်မပြောနိုင်ခင်မှာဘဲ သူ့ရဲ့ လက်တံရှည်ကြီးကို ဆန့်တန်း်လာပြီ..ပြီးတော့ သူ့ရဲ့ လက်ချောင်းထိပ်လေးတွေရဲ့ နူးနူးညံ့ညံ့ အထိအတွေ့လေးက ကျွန်တော့် မျက်ခုံးစပ်နားမှာ ~ ကျွန်တော့်ကို မျက်မှောင်မကြုတ်စေချင်တဲ့သဘော !
" ဒီလိုမှာပေါ့ဗျ "
ကျွန်တော့် မျက်ခုံးကြောတွေကို ဖြေလျှော့ပေးပြီး မူပိုင် သွားချွန်လေးတွေ ေပါ်အောင်ထိ ပြုံးပျော်နေတဲ့ အကြင်သူလေး
ကျွန်တော့်ရဲ့ ဒီကလေးအပေါ် ချုပ်တည်းထားတဲ့ ခံစားချက်တွေက ကျွန်တော့်စကားကို လွန်ဆန်ချင်နေကြပြီဗျ..ကိုယ် သိပ်အခက်တွေ့နေပြီဆိုတာ မင်းသိဖို့ကောင်းတယ်
" ဟီဆွန်းရှီ အဆင်ပြေရဲ့လား "
ဟော ကြည့်အခုလည်း စိတ်ကူးယဉ်နေပြန်ပြီ
" ဟမ် အင်း ပြေ..ပြေတာပေါ့ "
" ဒါဆို ကျွန်တော် အရင်ထတော့မယ်ဗျ အတန်းချိန်ရှိသေးလို့ လမ်းလျှောက်မှာနဲ့ဆို အချိန်မမှီမှာ စိုးလို့ပါဗျ "
" ကိုယ်ရောလိုက်လို့ရနိုင်မလား "
" နေပါစေဗျာ ဆယ်မိနစ်လောက်ဆို ရောက်နေပြီဟာ အပင်ပန်းခံစရာမလိုပါဘူးဗျ "
" မပင်ပန်းပါဘူး ကိုယ်ကိုက လိုလိုလားလားနဲ့ လိုက်ချင်တာမို့ လိုက်ခွင့်ပြုပါ နော် ဟုတ်ပြီလား "
" အင်း...ဒါဆိုလည်း ကျွန်တော်ကဘဲ ဟီဆွန်းရှီကို ကျေးဇူးတင်ရတော့မှာပေါ့ "
အမှတ်တရတစ်ခုအနေနဲ့ ကျန်နေခဲ့မယ့် ကော်ဖီခါးခါးတစ်ခွက်ရယ် ကောင်လေးရဲ့ နွားနို့ပူပူလေးရယ်..တူတူထိုင်ဖြစ်ခဲ့တဲ့ ထောင့်ဆုံးနားက သစ်သားစားပွဲလေးရယ်ကို ခနတာ ကျောခိုင်းခဲ့ပြီ
ဆိုင်အပြင်ဘက်ကို ထွက်လာတော့ ဆောင်းဦးရာသီမို့ ထင်ပါရဲ့ ရာသီဥတုက အေးစိမ့်စိမ့်ဖြစ်လို့နေသည်။ ချယ်ရီပန်းတွေကလည်း ပွင့်လို့ ~ ဒီနေ့ ရှပ်အင်္ကျီဝတ်ခဲ့မိတာ မှားပြီထင်ပါရဲ့လို့တောင် တွေးမိသေးတယ်။ အပေါ်ထပ်ကလည်း ကားထဲမှာ ကျန်နေခဲ့တာမို့ သွားမယူချင်တော့ပါ ကောင်လေး ကျောင်းနောက်ကျမည်စိုးတာကြောင့်