Part - 14

386 28 6
                                    

စာသင်ချိန်တွေ တစ်ချိန်ပြီး တစ်ချိန် ကုန်သွားခဲ့ပေမယ့် ကျွန်တော့် ရင်ခုန်သံတွေကတာ့ ပူနွေးနေတုန်းဘဲ။ ဒီရင်ခုန်ခံတွေက တစ်ယောက်ယောက်ကို..မဟုတ်ဘူး အဲ့လူကြီးကို သဘောကျနေတယ်လို့ ညွှန်းဆိုချင်နေတာလား ။

" ဘာတွေလျှောက်တွေးနေတာလည်း ! စာကို အာရုံစိုက်မှ ဖြစ်မယ် ဟုတ်တယ် စာလုပ်ရမယ် စာမေးပွဲနီးနေပြီ "

📩 Dr. Jay

" ညနေ ကိုယ်မင်းကို လာကြိုမယ် "

ရုတ်တရက်ဝင်လာတဲ့ ဝင်လာတဲ့ မက်ဆေ့ချ်ကြောင့် ph screen ကိုဘဲ ကြောင်ကြည့်နေမိသည်။ ဘယ်ဆရာဝန်က သူ့လူနာကို ကျောင်းပို့ကျောင်းကြို လုပ်ပေးလို့လည်း..

ring ring * 📞 Yang Arrjushii

ဖုန်းဝင်လာတာကြောင့် ဟီဆွန်း ကားကို လမ်းဘေးတစ်နေရာ ထိုးရပ်ပြီးမှ ကိုင်ရသည်။ ဖုန်းကိုင်ကိုင်လိုက်ချင်း ကြားလိုက်ရတဲ့ ချစ်စရာအသံလေး

" ဦးဦး ! "

" ဗျာ "

" အခုပြောနေတာဘယ်သူလည်းသိလားဟင် "

" ဟင် သိပါဘူး ဘယ်သူလေးပါလိမ့်နော် "

" Ri လေ ဦးဦးရဲ့ ခ်ခ်ခ် "

" သိပါ့ဗျာ မင်းသမီးလေးကို မမှတ်မိဘဲနေမလားလို့ ~ ကဲ ဖုန်းတောင်ဆက်တယ်ဆိုတော့ ဘာလို့လည်း ဦးဦးကိုပြောစရာ ရှိလို့လား "

" ဦးဦးကို လွမ်းနေတာ Ri က "

အချွဲလေးကတော့ စပြီ

" ဦးဦးက ပိုလွမ်းတယ် "

" Ri မွေးနေ့ လာမယ်မလားဟင် ဦးဦး ~ လာနော် Ri စောင့်နေမှာ ဦးဦး မလာမချင်း "

" လာဖြစ်အောင် လာခဲ့ပါမယ်ဗျ Ri လိုချင်တာရှိလား ဦးဦး အကုန်ဝယ်ပေးမယ် "

" Ri က ဦးဦးဝယ်ပေးတာအကုန်ကြိုက်တယ် "

" လိမ္မာလိုက်တာ "

" ဖေဖေက စကားပြောဦးမယ်တဲ့ ဦးဦး "

ချွဲတဲ့အသံလေးအစား တည်ငြိမ်အေးချမ်းတဲ့ ဦးလေးYang ရဲ့အသံက အစားထိုးရောက်လာခဲ့သည်။

" ဟယ်လို ဟီဆွန်း သားလား "

" ဟုတ်ကဲ့ဗျ "

" ဘာမှထွေထွေထူးထူး မရှိပါဘူးကွယ် Ri လေးက မင်းကို သူ့မွေးနေ့ဖိတ်ဖို့ အတင်းပူဆာနေလို့ "

"နှလုံးသားနှင့်ရင်း၍"Where stories live. Discover now