Part 2

398 35 2
                                    

" မားမား ဟျွန်းလာတယ် ~ ဟျွန်း မားကြိုက်တဲ့ ဒေစီလေးတွေလည်း ဝယ်လာခဲ့တယ် လှတယ်မို့လား မား ဟျွန်းကိုထားခဲ့တာ 16နှစ်တောင် ရှိတော့မယ် ဟျွန်း အခု အထက်တန်းတက်နေတာ သိလား ပြီးတော့ သူငယ်ချင်းတစ်ယောက်ရခဲ့တယ် သူ့နာမည်က ယန်ဂျောင်ဝန်းတဲ့ မားမားလို ပါးချိုင့်လေးတွေလည်းရှိတယ် "

အခုရက်ပိုင်း ဖြစ်ပျက်ခဲ့သမျှ ပျော်ရွှင်စရာတွေ ဝမ်းနည်းစရာတွေ အထီးကျန်ရတာတွေကို မားကို ပြောပြမိသည်။ မား ဘေးနား စကားတွေထိုင်ပြောနေရတာ ဟျွန်း တကယ် သဘောကျတယ် ဟျွန်းအတွက် ရင်ဖွင့်နိုင်တဲ့ နေရာလေး တစ်ခုလိုဘဲ

" မား ကို ဟျွန်း အရမ်း သတိရတယ် "

" သခင်လေး ပြန်ချိန်ရောက်ပါပြီ"

မား နဲ့စကားတွေပြောနေတာ ညနေတောင်စောင်းနေပြီဘဲ

" ကားနားက စောင့်ပါ ကျွန်တော်လာခဲ့ပါ့မယ်"

မျက်ရည်တွေသုတ်လိုက်ရင်း

" ဟျွန်း ပြန်တော့မယ်"

မား ကိုကျောခိုင်းပြီး အိမ်ပြန်ရမယ့် အချိန်ရောက်တိုင်း အရမ်းပင်ပန်းတယ် အိမ်မှာ ကျွန်တော်ကို လိုလားတာ မရှိတာသိပါတယ် ပါး ကလည်းကျွန်တော့်ကို သူ့ရုပ်သေးရုပ်တစ်ခုလို

" ဟျွန်းလေး နောက်ကျလိုက်တာ ဗိုက်ဆာနေပြီလား"

အင်း....ငါ့မှာ မေရီ ရှိသေးတာဘဲ

" အင်း မစားတော့ဘူး ဟျွန်းပင်ပန်းလို့ စောစောနားတော့မယ်နော် "

ဧည့်ခန်းက ပါးကတော့ ကျွန်တော့်ကို လှည့်ကြည့်မလေဘဲ

" နောက်တစ်ပတ် Spain ဘက်က CEO နဲ့ သူ့သမီးလာလိမ့်မယ် မင်းသွားကြိုလိုက်"

ပါး ကအမြဲဒီလိုဘဲ လုပ်ပေးနိုင်မလားလို့ တောင်းဆိုခြင်းလည်းမဟုတ် ကျွန်တော့်ဘက်ကို တစ်ခါမှ မစဥ်းစားခဲ့

"ဟုတ် ပါး .. ဒါဆို ဟျွန်း အပေါ်တက်တော့မယ် "

"သွား" ဆိုတဲ့ အကြည့်တစ်ချက်သာ ဝေ့ကျလာသည်။

တစ်ခါတစ်လေကျ မဖြစ်နိုင်ပေမယ့်လည်း ဒီလှောင်အိမ်ကြီးကနေ ရုန်းထွက်ချင်မိတယ် ။

"နှလုံးသားနှင့်ရင်း၍"Where stories live. Discover now