" ဟို..."
" ဗျာ "
"ခင်ဗျားလက်..လက်လေး အောက်ချပေးလို့ရမလားဗျ"
ဟုတ်သားဘဲ ကျွန်တော် ခုမှ သတိထားမိတာဗျ ကျွန်တော့် လက်က စင်ပေါ်လက်လှမ်းရက်ကြီး !
" ဟုတ်သား အဟမ်း ဆောရီးနော် "
ပတ်ဝန်းကျင်တော့ ကြည့်မိတော့ ကျွန်တော်တို့နှစ်ယောက်ကို ကြည့်နေလိုက်တာ ကောင်လေးကလည်း ရှက်နေဟန် ပါးတွေကို ရဲလို့
" ဒါနဲ့ မင်းယူချင်တာ ဒီစာအုပ် လား "
လှမ်းလာတဲ့ ထိုလူကြီးလက်ထဲ အပြာနုရောင် notebook လေး
" ဗျာ ဟုတ်တယ်ဗျ ကျေးဇူးပါနော် ကျွန်တော့်ကို သွားခွင့်ပြုပါဦးနော် "
မျက်နှာပူလိုက်တာမှ ဆောင်းဟျွန်း ဒီနေရာမှာတင် အရည်ပျော်လောက်တယ် တစ်ကိုယ်လုံး ရှိန်းဖိန်းဖိန်းနဲ့
"ဟို...ခန ကောင်လေး..."
ကျွန်တော်ခေါ်တာတောင် လှည့်မကြည့်တော့ သူနှုတ်ဆက်ပြီးတာနဲ့ ပြေးသွားတာမှ တန်းလို့
ဟူး ဘယ်လိုကောင်လေးပါလိမ့်ကွာ
ကောင်လေးပြေးထွက်သွားတာနဲ့ ကျွန်တော်လည်း ဖေဖေမှာတာတွေ ဝယ်ခဲ့ဖို့ ထွက်ခဲ့လိုက်သည် ။
" မေရီ "
" အော် ဟျွန်းလေး လိုချင်တာတွေ ဝယ်ခဲ့ပြီလား "
"ဟုတ် "
" ဟျွန်းလေး နေမကောင်းဘူးလား မျက်နှာတွေကို နီလို့ "
မေရီက ရုတ်တရက်မေးလာတော့ စိတ်မလုံသူ ကျွန်တော်ကဘဲ အို့တို့အမ်းတမ်း !
" Mr. ကားထုတ်ထားလိုက်တော့နော် ကျွန်မတို့ အိမ်ပြန်မယ်"
" ဟျွန်းလေး လာ မေရီတို့ အိမ်ပြန်ကြမယ်နော် "
ကိုယ်နေမကောင်းဘူးအထင်နဲ့ ဇွတ်တွေ အိမ်ပြန်မယ် လုပ်နေတဲ့ မေရီကို ဆောင်းဟျွန်းဘာပြောရမလည်းတောင် မသိတော့တာမို့ အင်းအဲလုပ်ပြီးသာ အိမ်ပြန်လိုက်တော့သည် ။
" မေရီ ဟျွန်းအပေါ်တက်နားနှင့်မယ်နော် "
"ကောင်းပါပြီရှင့် မေရီ ပစ္စည်းတွေနေရာချဖို့ ကောင်မလေးတွေ ပြောလိုက်အုန်းမယ် "