ကိုယ်လက်သန့်ရှင်းပြီး စာကြည့်စားပွဲထိုင်တော့ ဆောင်ဟျွန်းမျက်လုံးများပြူသွားရသည် ။
ဖုန်းက vibrate လုပ်ထားပေမယ့် screen မှာ ပေါ်နေတဲ့ ဝင်ထားတဲ့ စာတွေ !
" ဟာ..စီနီယာတော့ လုပ်ချပြန်ပြီ"
ကျွန်တော့်ထက် အသက်ကြီးတဲ့ အရွယ်တွေရော ညီမအရွယ်လောက်ရှိတဲ့ အငယ်လေးတွေရော အရွယ်စုံပါဘဲဗျာ သူတို့ ကတစ်မျိုးစီ တကယ်လှကြပါသည် ။ စီနီယာက ကျွန်တော့်တွက် လုပ်ပေးထားပေမယ့် ကျွန်တော်က.....
noti bar clear လုပ်ပြီး ဖုန်းကိုပိတ်ထားလိုက်ကာ အိပ်ရာဝင် ဖို့သာ လုပ်ခဲ့ရတယ်
ကိုယ်တိုင်တောင် ဒီလှောင်အိမ်ထဲက ရုန်းမထွက်နိုင်သေးတာ ဘယ်စိတ်နဲ့များ နောက်တစ်ယောက်ကိုပါ ဆွဲခေါ်ရမည်နည်း
ဆောင်းဟျွန်း အတွေးတွေကို ရပ်ကာ သိုးတစ်ကောင် နှစ်ကောင် ရေတွက်ရင်း သိုးတစ်ရာ့ရှစ်ကောင်မြောက်ရောက်မှသာ အိပ်ပျော်ခြင်းဆီသို့
-
နေရောင်က လိုက်ကာကြားထဲမှ မွေ့ရာပေါ်သို့ တစ်စတစ်စ ဖြာကျလာခဲ့သည် ။ မွေ့ရာအဖြူရောင်လေးပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူကတော့ မွေ့ရာအဖြူလေးထက်တောင် အသားရေလေးက ဖွေးအုနေလိုက်တာ ။ နေထိုးတော့ မျက်ခုံးမည်းတွေက တွန့်ချိုးနေလိုက်တာ ။"အင်း း း "
နေရောင်က မျက်လုံးစူးနေသည်မို့ ဆောင်းဟျွန်း ဘယ်လိုမှဆက်အိပ်လို့မရ ။ တစ်ချက် အပျင်းကြောဆန့်ပြီး ခေါင်းရင်းက နာရီယူကြည့်တော့ ခုနစ်နာရီခွဲနေသည့်မို့ အိပ်ရာထဖို့ လုပ်ရတော့သည် ။ weekend မို့ ဆက်အိပ်ချင်ပေမယ့်လည်း ဒီနေ့ မေရီနဲ့ ဈေးဝယ်ထွက်ဖို့ ကတိပေးထားသည် ။
ရေချိုးပြီး ဆောင်းဟျွန်းပေါ့ပေါ့ပါးပါး ဖြစ်စေမယ့် တီရှပ် အဖြူလေးကို creamy ရောင် ဘောင်းဘီရှည်နဲ့ တွဲဝတ်ခဲ့သည် ။ ပြင်ဆင်ပြီး အောက်ထပ်ဆင်းတော့ မေရီက ကျွန်တော် မနက်စာစားဖို့ ပြင်ပေးနေသည်လေ
" ဟျွန်းလေး နိုးလာပြီလား မျက်နှာလေးကလည်း ကြည်လင် လို့ ကောင်းကောင်းအိပ်ပျော်တယ်ထင်တယ် "