Part -11

232 29 5
                                    

ဒေါက် ဒေါက် *

" ကိုကြီး အိပ်ပြီလား "

ခြေထောက်နင်းခံရတာ အားမရလို့ ငါ့အခန်းထိ လာစိန်ခေါ်တယ်ပေါ့လေ အီမီဆွန်း !

" အိပ်ပြီ "

" အဲ့ဆို အခုစကားပြောနေတာ ဘယ်သူလည်း...စိတ်မဆိုးပါနဲ့တော့ ညီမလေးဘဲ တောင်းပန်တယ် ဟုတ်ပြီလား "

အကြီးတွေ စိတ်ဆိုးရင်ချော့ရခက်တယ် ဆိုတာ ဒါမျိုးနေမယ်!

မပြောနဲ့ပေါ့ အခုချိန် ဘာမှမသိရလည်း ဘာမှမဖြစ်ဘူး လို့ပြောချင်ခဲ့ပေမယ့် မပြောနိုင်ခဲ့ပါဘူး။ အခန်းအပြင်က အသံတိတ်သွားတာနဲ့ နေမထိထိုင်မသာ။ သူ့ဘဝတစ်လျှောက်လုံး ဒီညီမလေးကို ငြင်းဆန်ခဲ့တယ်တိုတာ ရှိခဲ့လို့လား

* ကျွီ

" ကိုကြီး လာဖွင့်ပေးမှာ သိသားဘဲ ဟီးဟီး "

" ဘာပြောမလို့လည်း "

" ကိုကြီး အရင်ကတိပေးထား စိတ်မဆိုးပါဘူးလို့ "

အတင်း ကတိတွေတောင်းနေတဲ့ ရှေ့ကတစ်ယောက်က အတည်ပေါက်ကြီး လုပ်နေတာမို့ ဟီဆွန်း နည်းနည်းတောင် လန့်ချင်လာပြီ ။

" ငါလေ...ငါ "

" အင်း နေမကောင်းဘူးလား "

" ငါ့မှာ တွဲနေတဲ့သူ ရှိနေပြီ "

"အင်း...ဘာ ! "

" ရှူး..ဖေဖေနိုးသွားမယ် "

" ဘယ်တုန်းကတည်းကလည်း ဘာလို့ငါ့ကို ခုမှပြောတာလည်း သူကဘယ်သူလည်း ဘယ်ကလည်း နင် ကလေးဘဲရှိသေးတယ်ဆိုတာရော သိရဲ့လား အီမီဆွန်း "

" စိတ်အေးအေးထား ကိုကြီးက ဆက်တိုက်မေးနေတော့ ဘယ်ကစဖြေရမလည်းကို မသိတော့ဘူး "

" သူကဘယ်သူလည်း "

" ငါတို့ကျောင်းနားက cafe ဆိုင်ပိုင်ရှင် "

" နာမည်က "

" Kim "

" နိုင်ငံခြားသားလား "

" အင်း ကနေဒါနဲ့ စပ်တာ "

" ကောင်းလိုက်တာ..ငါတို့ကတော့ ပညာတတ်စေချင်လို့ နင့်ကို ကျောင်းထားပေးတယ် နင်က ရည်းစားထားနေတယ်ပေါ့လေ "

"နှလုံးသားနှင့်ရင်း၍"Where stories live. Discover now