Chapter 2: Who are they?

1.2K 192 157
                                    




တကယ့်ကမ္ဘာမှာတော့ ဂျိတ်ခ်က မတော်တဆမှုကြောင့် ကြီးကြီးမားမား ထိခိုက်သွားခဲ့တယ်။ သူ့ခန္ဓာကိုယ်လေးက ဆေးရုံကုတင်ပေါ်၌ အောက်ဆီဂျင်အကူအညီဖြင့် အသက်ရှူနေရသည်။ ဒါပေမဲ့ ယခုထိတိုင် သတိမရသေးဘဲ ကိုမာလိုမျိုးအနေအထားဖြစ်နေတာကြောင့် အခြေအနေက အတော်လေးဆိုးရွားနေခဲ့သည်။

" ယောက်ျား ကျွန်မတို့ဘာဆက်လုပ်ကြမလဲဟင်။ ဂျိတ်ခ်ကို ကယ်တင်ပေးပါဦး "

" သားသားလေးကို အဲ့လိုမပြောခဲ့မိသင့်ဘူး။ အခုတော့ အခုတော့ ကျွန်မ အမှားတွေပါ "

မစ္စရှင်းမ်က အပြင်းအထန်ငိုကြွေးနေ၍ ဂျိတ်ခ်လက်ချောင်းလေးတွေကို အသာအယာ ဆုပ်ကိုင်ထားသည်။ဒီမတော်တဆမှုမှာ ကိုယ့်ဘက်က မှန်နေရင်တောင်မှ ဂျိတ်ခ်ကို နိုးထလာအောင်လုပ်ပေးနိုင်စွမ်းမရှိဘူးလေ။ ဘယ်လိုလုပ်ပြီး အဆင်ပြေနိုင်မှာမို့လို့လဲ။

ဂျိတ်ခ် သတိလစ်နေတာ ဒီနေ့နဲ့ဆို ၃ရက်ရှိနေပြီ။ ဒါပေမဲ့လည်း ယခုထိတိုင် သတိလည်လာခြင်းမရှိသလို နှလုံးခုန်သံကလည်း နှေးကွေးနေသည်။ ထို့ပြင် ထိခိုက်ဒါဏ်ရာတွေက ပြင်းထန်လျက်ရှိဆဲ။

မိခင်ဖြစ်တဲ့ သူ(မ)အတွက် အရူးမီးဝိုင်းသလိုပဲ။ ယခုထိတိုင် ဆေးရုံမှာရှိနေရင်း နေအိမ်ကိုလည်းမပြန်နိုင်ပါ။ စိတ်အစုံက နေမကောင်းတဲ့ အငယ်ဆုံးသားလေးဆီမှာရှိနေတာကြောင့် စိုးရိမ်ပူပန်မှုတွေနဲ့ ဖြတ်သန်းနေရသည်။

" မိန်းမ ငါတို့ဂျိတ်ခ်လေး အဆင်ပြေသွားမှာပါ နောက်ထပ်ရက်နည်းနည်းလောက်စောင့်ကြည့်ရအောင် "

" သားသားလေး အဆင်ပြေမှာသေချာပါတယ်နော် "

" အင်း သေချာတာပေါ့။ ဘာမှမစိုးရိမ်နဲ့ ဟုတ်ပြီလား "

ဖခင်ဖြစ်သူက မိခင်အား ဖက်၍နှစ်သိမ့်ပေးသည်။ လက်ရှိမှာ တစ်မိသားစုလုံး ရှင်းမ်ဂျိတ်ခ်အတွက် စိုးရိမ်ပူပန်ပေးကြရင်း ဝမ်းနည်းလျက်ရှိနေကြတယ်။ အဖိုးနဲ့အဘွား ကတော့ ဘုရားကျောင်းမှာနေ့တိုင်းဆုတောင်းမပြတ်။ ယင်းနည်းတူ အစ်ကို၊အစ်မတွေကလည်း ဆေးရုံကို နေ့တိုင်းလာလေ့ရှိ၏။

𝗧𝗵𝗲 𝗦𝗲𝗰𝗼𝗻𝗱 𝗟𝗲𝗮𝗱 [SungJake]Where stories live. Discover now