Chapter 6

1K 154 135
                                    





​ပုစွန်ဆီရောင်သန်းနေသော ညနေခင်းအချိန်ဖြစ်၍ ကျောင်းဆင်းချိန်လည်းဖြစ်နေသည်။ ထုံးစံအတိုင်း ကျောင်းသူ၊ကျောင်းသားတွေက အသီးသီးကျောင်းဝန်းထဲမှ ထွက်လာခဲ့ကြတယ်။ ထိုသို့များပြားလွန်းသော ကျောင်းသားများထဲတွင် ရှင်းမ်ဂျယ်ယွန်းလေးလည်းပါဝင်သည်။

ဒီနေ့တော့ သူတစ်ယောက်တည်း အဆောင်ပြန်ရပါတော့မယ်။ အကြောင်းမူကား ဒီနေ့က သောကြာနေ့ဖြစ်၍ ဂျေးက ဒီမြို့သားဖြစ်လို့ ပိတ်ရက်တိုင်းအိမ်ပြန်တတ်သည်။ ဒါပေမဲ့လည်း ဂျယ်ယွန်းအဆင်ပြေပါတယ်။ နီးနီးနားနားလေးမို့ မျက်စိမှိတ်ပြီး ပြန်ရင်တောင်အေးဆေး။

" ဂျယ်ယွန်းဟျောင်း "

" အာ ဆောနူတို့ပဲ။ ဒီနေ့အိမ်မပြန်ဘူးလား။ ဂျေးတောင်တစ်ခါတည်း အိမ်ပြန်သွားပြီ "

" မပြန်ပါဘူး။ အိမ်ပြန်တာထက် အဆောင်မှာနေတာက ပိုကောင်းတယ်ဗျ "

ဂျောင်ဝန်းက အိမ်ပြန်ချင်ပုံမရဘူး။ ဒါ့ကြောင့် သူ့နှုတ်ဖျားက အဲ့ဒီလိုစကားထွက်လာသည်။ ယင်းနည်းတူ ဆောနူနှင့်နီခီတို့ကလည်း အတူတူပဲဖြစ်မယ်ထင်ပါရဲ့။ ဒီကလေးတွေက အိမ်မပြန်ချင်ကြဘူးဆိုပေမယ့် ဂျယ်ယွန်းကတော့ လက်တွေ့ကမ္ဘာက သူ့အိမ်ကိုလွမ်းသည်။

အမြဲတမ်းဆူတတ်တဲ့မာမီကိုရော၊ အေးဆေးနေတတ်တဲ့ ဒက်ဒီရယ်၊ အစ်ကိုအစ်မတွေနှင့်အတူ သုံးစားမရတဲ့ သူငယ်ချင်းဒေးဗစ် အားလုံးကိုသတိရသည်။ သို့ပေမယ့်လည်း ဘယ်လိုလုပ်ပြီးသူပြန်နိုင်ပါ့မလဲ။

ဂျယ်ယွန်းမျက်နှာချောချောလေးက ငြိုးငယ်နေ၍ စိတ်မကောင်းဖြစ်နေဟန်။ အားရတက်ကြွခြင်းမရှိတာမို့ နီခီတို့သတိပြုမိသွားသည်။

" ဟျောင်း ဘာဖြစ်နေတာလဲ "

"အိမ်ပြန်ချင်လို့လား "

" မဟုတ်ပါဘူး။ ဒီတိုင်းပဲ လာအတူတူပြန်ရအောင် "

" အင်း။ အရင်ကအတန်းချိန်မတူလို့ အတူမပြန်ဖြစ်ဘူးနော်။ ဒီနေ့တော့ ထူးထူးဆန်းဆန်းပဲ "

ဂျောင်ဝန်း ရုတ်တရက်ပြောလာသည့်စကားကလည်း မှန်ကန်နေသည်ကိုး။ သူတို့တွေက အတန်းမတူကြတာမို့ သာမန်အားဖြင့်အတူမပြန်ဖြစ်ဘူး။ ဒီနေ့တော့ တိုက်တိုက်ဆိုင်ဆိုင် အဆောင်ကိုအတူပြန်ဖြစ်သည်။ အားလျှော်စွာပဲ ဂျယ်ယွန်းတစ်ယောက်တည်းဖြစ်ရမယ့်အစား ဒီကလေးတွေနဲ့အတူရှိရလို့ အဆင်ပြေသွားတယ်။

𝗧𝗵𝗲 𝗦𝗲𝗰𝗼𝗻𝗱 𝗟𝗲𝗮𝗱 [SungJake]Opowieści tętniące życiem. Odkryj je teraz