Chapter 19: 𝗶𝗻 𝘁𝗵𝗲 𝗿𝗲𝗮𝗹 𝗹𝗶𝗳𝗲

707 125 102
                                    




သူ့မျက်လုံးတွေကိုဖွင့်ကြည့်တော့ ဆေးရုံဖြစ်မှန်းသိသာစွာ မျက်နှာကြက်ဖြူဖြူနဲ့ စတင်မိတ်ဆက်သည်။ ထို့နောက် သူသည် အခန်းပတ်ဝန်းကျင်နှင့်အတူ ကိုယ့်ကိုကိုယ်ပါ သတိထားမိတော့၊ ဆေးရုံမှာ အတော်အတန်ကြာ နေမကောင်းဖြစ်နေမှန်း သဘောပေါက်ခဲ့တယ်။

ထိုစဉ် အခန်းထဲသို့ဝင်လာသည့် အမျိုးသမီးကြီးနှင့် အမျိုးသားတို့ကြောင့် သူ့မျက်ဝန်းတွေပြူးကျယ်ကုန်တယ်။

ဘုရားသခင်။ သူအခု အိမ်ပြန်ရောက်နေတာလား။ လက်ရှိဘဝက ရှင်းမ်ဂျိတ်ခ်အဖြစ်ကိုလေ !!

အသေးလေးဟာ တစ်ယောက်တည်းအတွေးထဲနွံနစ်နေစဉ် မိသားစုတော်စပ်သည့် မိဘနှစ်ပါးထဲမှာ မိခင်ဖြစ်သူက သတိထားမိသွားသည်။

" သား ဂျိတ်ခ်ကလေး နိုးပြီလား။ မာမီတို့အများကြီးလွမ်းနေတာ "

" တော်သေးတာပေါ့။ ဂျိတ်ခ် ပြန်နိုးလာပေးလို့။ ဒယ်ဒီတို့ အရမ်းစိတ်ပူနေတာ အခုမှပဲ စိတ်အေးရတော့တယ် "

" မင်း ဒယ်ဒီနဲ့ ခဏနေခဲ့နော် မာမီ ဆရာဝန်ကိုသွားခေါ်လိုက်ဦးမယ်။ အဆင်ပြေရင် တစ်ပတ်နေပြီး အိမ်ပြန်ကြတာပေါ့ "

မိခင်ဖြစ်သူဟာ သူ့နဖူးကို အနမ်းဖွဖွပေးပြီး အပြင်ထွက်သွားတော့ ဂျိတ်ခ် ဒီတိုင်းခေါင်းညိတ်မိသည်။ ကုတင်ပေါ်မှာ လဲလျောင်းရက်သား ဆိုပေမယ့် သူအားလုံးကို ခံစားမိသလို၊ မိဘနှစ်ပါးကိုလည်း အရမ်းလွမ်းပါသည်။

သို့ပေသော် နှလုံးသားထဲထိ နက်နက်ရှိုင်းရှိုင်း ခံစားရစေတဲ့ ခံစားချက်ကြီးဟာ ယခုထိ ပျောက်ကွယ်မသွားပါ။ ထို့နည်းတူစွာ သူချစ်ခဲ့မိသော ဒုတိယဇာတ်လိုက်ရဲ့ပုံရိပ်ကလည်း မြင်ကွင်းထဲက ပျောက်ကွယ်မသွားဘူး။ ဂျိတ်ခ်က ထိုသူအပေါ် ခံစားချက်ရှိနေတုန်းပါပဲ။

သူ့ရဲ့အဖြစ်က လက်တွေ့ကမ္ဘာသို့ရောက်သည်တိုင် webtoonထဲက အချစ်ဦးကို မေ့မရဖြစ်နေတုန်းတဲ့။ မုန်းဖို့ကောင်းလိုက်တာ။ ဒီအတိုင်း အိပ်မက်ဖြစ်လိုက်မှာကို တကယ်ခံစားနေရတော့ ဝမ်းနည်းရပြီ။

" သား ဘာလို့ငိုနေတာလဲ။ ဘယ်နားနာလို့လဲ "

ဒက်ဒီက ဂျိတ်ခ်ကိုရိပ်မိသွားပုံပေါ်သည်။ ဒါပေမဲ့ သူကတော့ ဖခင်အား ဘာမှမဖြစ်ဘူးဟု ပြောနေသော် ရင်ဘတ်ထဲက တဆစ်ဆစ်နာကျင်ခြင်းဝေဒနာက လိမ်ညာ၍မရနိုင်ပါ။

𝗧𝗵𝗲 𝗦𝗲𝗰𝗼𝗻𝗱 𝗟𝗲𝗮𝗱 [SungJake]Where stories live. Discover now