Chapter 20

725 124 114
                                    






" ဘာလဲ။ သူကဖြစ်နိုင်လို့လား။ ဘာလို့ ဒီလောက်ကြီးတူနေရတာလဲ "

" နေပါဦး။ ဒီနေ့လယ်တုန်းက သူ့နာမည်ကြားလိုက်ပါသေးတယ် ဘာတဲ့.."

ရှင်းမ်ဂျိတ်ခ် သေးသေးလေးဟာ ကုတင်ပေါ်မှာ စောင်ကိုခေါင်းမြီးခြုံထားပြီး ပါးစပ်ထဲက တတွတ်တွတ်ရေရွတ်နေသည်။ သူ့ရဲ့ကိုယ်ပိုင်အခန်းလေးကတော့ ထုံးစံအတိုင်း ညစ်ပတ်နေလျက်ပင်။

ယခုလည်း ကြမ်းပြင်ပေါ်မှာ သူ့အဝတ်တွေရယ်၊ ဖိနပ်တွေအပြင် မုန့်ထုပ်အခွံတွေ၊ စာအုပ်တွေက နေရာယူထားသည်။ သူ့ရဲ့အိပ်ရာပေါ်အထိပါ သရေစာမုန့်ထုပ်တွေနှင့် မုန့်ခွံများစွာ။ ဒါပေမဲ့ ဂျိတ်ခ်အသေးလေးကတော့ ဂရုမပြုမိ၊ သူဟာ ဒီအရာတွေထက်အရေးကြီးသည့်အရာကို စူးစမ်းနေရသည်မို့ မအားလပ်သေးပါ။

အိပ်ရာပေါ်မှာ ငုတ်တုတ်ထိုင်ကာ စောင်ကိုခေါင်းမြီးခြုံထားပုံလေးက ချစ်စရာအတိ။ အဖြူရောင် ညအိပ်ဝတ်စုံအနွေးထည်နှင့်မို့ ဂျိတ်ခ်က ကလေးပေါက်စလေးကဲ့သို့။ သူ့မျက်စိရှေ့က macbook ပေါ်အာရုံမစိုက်သေးဘဲ နားထင်ကိုအသာဖိ၍ စဉ်းစားနေသည်တဲ့။ မသိရင် ဉာဏ်ကြီးရှင်တစ်ယောက်ကဲ့သို့။

သို့သော် ရှင်းမ်ဂျိတ်ခ်က ဉာဏ်ကြီးရှင်မဟုတ်ရပါ။ ဒီအတိုင်း အရေးကြီးတာရှိလို့ အတည်ပြုကြည့်ရုံတစ်ခုတည်း။ ယခုလည်း ဒီနေ့လယ်က သူစိမ်းရဲ့နာမည်ကို မနည်းစဉ်းစားနေရတယ်။

" အာ...သိပြီ။ ဘန်..ဘန်ဂျမင်ဆိုလား "

တစ်ယောက်တည်း တီးတိုးပြောပြီးနောက် သိချင်နေသည့်အတွင်းစိတ်ကြောင့် လက်ချောင်းတွေက Macbookပေါ်သို့ အလျှင်အမြန်ရောက်သွားခဲ့ပြီ။ ဘယ်သူဘယ်ဝါမှန်းသိရအောင် ဂျိတ်ခ် ဂလူးဂလူးခေါက်လိုက်ရုံပါပဲ။ ပြီးတော့ သူ့အထင်တော့ ဆောင်ဟွန်းနဲ့တူတဲ့ ဘန်ဂျမင်က နာမည်ကြီးတစ်ယောက်ယောက်ဆိုတာ ရိပ်မိခဲ့သည်။

ဒါပေမဲ့ သူရှာလိုက်သည့်အခါ စခရင်ပေါ်၌ အဆိုတော်တွေကော, ကာတွန်းဇာတ်လိုက်တွေအပြင် တစ်ခါမှမမြင်ဖူးတဲ့ လုပ်ငန်းရှင်အဖိုးကြီးတွေကိုတောင် တွေလိုက်ရသည်။ အကြောင်းကား နာမည်တူတွေက ကမ္ဘာပေါ်တွင်ပေါများလွန်းသည်ကိုး။

𝗧𝗵𝗲 𝗦𝗲𝗰𝗼𝗻𝗱 𝗟𝗲𝗮𝗱 [SungJake]Where stories live. Discover now