Chapter 3

983 164 137
                                    



ညနေပိုင်းရောက်တော့ ဂျယ်ယွန်း အဆောင်ကို ဂျေးနှင့်အတူပြန်လာခဲ့သည်။

" ဂျယ်ယွန်းဟျောင်း ကျွန်တော်တို့ကျောင်းက ဘယ်လိုလဲမိုက်ရဲ့လား "

အဆောင်ရောက်တော့ ဆောနူက လက်ထဲမှာစာအုပ်တွေကိုကိုင်ထားလျက်  ဂျယ်ယွန်းကိုမေးတယ်။ စင်စစ်တော့ ပထမဆုံးနေ့မှာ ဘာတွေသင်နေမှန်းမသိလို့ အခန်းထဲမှာ ခေါင်းချည်းကုတ်နေတာ ကို သူတစ်ယောက်တည်းသာသိမည်။

စူပါပါဝါတွေမြဲမြံဖို့ ဘယ်လိုလုပ်ရကြောင်း၊ လက်တွေ့အသုံးပြုရတဲ့အခါ ဘယ်လိုရှိကြောင်း အစသဖြင့် ဤစာတွေကြောင့် ဂျယ်ယွန်းလေး ခေါင်းမမူးရုံတစ်မယ်ပါပဲ။ အရင်က အရက်သောက်ပြီးမူးတာကို ခံနိုင်ရည်ရှိသော်လည်း စာသင်ပြီးမူးတာမျိုးကတော့ သူ့ဘဝမှာ ပထမဦးဆုံးဖြစ်သည်။

ပြီးတော့  Webtoon ဇာတ်လိုက်တွေနဲ့လည်းတွေ့လိုက်ရသေးတာမို့ ဒီနေ့တစ်ရက်လုံး ကြုံတွေ့ခဲ့ရတာ အတော်များလွန်းတယ်။ သို့သော်လည်း ဂျယ်ယွန်းက ဆောနူကိုပြုံးပြလိုက်၍

" အွန်း မဆိုးပါဘူး အဆင်ပြေသားပဲ။ ဂျေးနဲ့တစ်ခန်းထဲကျလို့ ကံကောင်းတယ်။ နောက်မို့ဆို ယောင်လည်လည်ဖြစ်နေရမှာ "

" မင်းက ဆယ်ရင်းနဲ့ သူငယ်ချင်းဆို ငါလည်းမသိရပါလား "

ထိုစဉ် သူ့ဘေး၌ရှိနေသော ဂျေးက လွယ်အိတ်ကိုချွတ်လိုက်ပြီး လူမရှိတဲ့ဆိုဖာပေါ်ပစ်တင်လိုက်သည်။ ဆိုဖာတွင်တော့ နီခီက ထိုင်နေရင်း ကာတွန်းစာအုပ်ဖတ်နေ၏။ ဂျောင်ဝန်းနှင့် အဆောင်မှူးဦးလေးကြီးကတော့ အပျင်းပြေ စစ်တုရင်ကစားနေကြသည်။

" အာ ဒါကတော့။ မင်းတို့မှ မမေးကြတာ "

" အေးပါ။ ငါတို့လည်းမမေးမိလို့ ထားပါတော့။ ဆယ်ရင်းကို ကျောင်းကနာမည်ကြီးစီနီယာတွေ ဝိုင်းကြိုက်နေတာမို့ မိန်းကလေးတော်တော်များများက သူ(မ)ကို မျက်မုန်းကျိုးနေကြတာလေ "

" အဲ့တာကြောင့်မို့ မေးကြည့်တာ။ ကျန်တာ ဘာမှမဟုတ်ဘူး "

" အော် ဒါနဲ့ ဟျောင်း။ ကျွန်တော်တို့ ညနေ ညဈေးတန်းသွားမှာမို့ လိုက်ခဲ့ဦးနော်။ နှစ်ယောက်လုံး "

𝗧𝗵𝗲 𝗦𝗲𝗰𝗼𝗻𝗱 𝗟𝗲𝗮𝗱 [SungJake]Where stories live. Discover now