Chapter 24

688 92 115
                                    



[ သတိပေးချက်- ဤဇာတ်ဝင်ခန်းတွင် ကလေးသူငယ်များနှင့်မသက်ဆိုင်သော စကားလုံးတစ်ချို့ပါဝင်သည် ⚠️]


" ရား။ ဘန်ဂျမင်ပတ်ခ် ခင်ဗျားရူးနေလား "

" ကိုယ်ဘာလုပ်မိလို့လဲ အိခုလေး "

ဘန်ဂျမင်က ရေချိုးခန်းထဲက ထွက်လာပြီး ကုတင်ပေါ်က ဂျိတ်ခ်ကိုစေ့စေ့ကြည့်၍  နားမလည်ဖြစ်နေသည်။ စင်စစ်လည်း သူ့ပိစိအူကြူကြူးလေး ဘာဖြစ်နေမှန်း မသိခဲ့ပါ။

ဒါပေမဲ့ ကုတင်ပေါ်မှ ရှင်းမ်ဂျိတ်ခ်လေးဟာ မျက်နှာဆူပုတ်၍ ရင်ဘတ်အထိဖုံးထားတဲ့ စောင်ကိုအောက်သို့ဆွဲချပစ်သည်။ အိပ်ရာပေါ် ငုတ်တုတ်လေးထိုင်နေပေမယ့် မိမွေးဖမွေးပုံစံလေးဖြစ်နေတော့တယ်။

" ဒီမှာလေ။ ခင်ဗျားလုပ်ထားတာ မေ့နေတာလား။ အနည်းဆုံးတော့ အင်္ကျီဝတ်ထားပေးဦးမှပေါ့ "

ဂျိတ်ခ် ဒေါသထွက်တာကို သူဘယ်တုန်းကမှမမြင်ဖူးခဲ့ပါ။ အခုတော့ ရှင်းမ်ဂျိတ်ခ်လေးက အရမ်းစိတ်တိုနေကြောင်းသိသာတယ်။ မနေ့ညက တစ်ညလုံးချစ်ကြည်နူးပြီး ပင်ပန်းသွားတာမို့ ဘန်ဂျမင်သတိမထားမိလိုက်ဘူး။

သို့သော် သူသည် ဂျိတ်ခ်ကလေးကို သေချာသန့်ရှင်းပေးပြီး အအေးမပတ်အောင် စောင်ထဲမှာနွေးနွေးထွေးထွေး အိပ်စက်စေခဲ့တယ်။ လက်ရှိတွင်တော့ ဘန်ဂျမင်တွေးထားသလို အခြေအနေမဟုတ်တော့တာမို့ နည်းနည်းတော့ ဝမ်းနည်းရသား။ ဒါပေမဲ့ သူ့အမှားကြောင့် ဂျိတ်ခ်ပိစိလေး စိတ်ဆိုးတာအမှားမဟုတ်။

သူ ပြုံးရယ်ပြ၍ ကုတင်အနားသို့လျှောက်လှမ်းလာပြီး ဒေါသအိုးလေးဂျိတ်ခ်ကို ငေးကြည့်သည်။

" ကိုယ်တောင်းပန်ပါတယ်။ မနေ့ညက မနက်၃နာရီအထိရောက်သွားတော့..."

" ခင်ဗျားက လူယုတ်မာပဲ။ အာ မဟုတ်ဘူး ဗန်ဖိုင်းယားwolf ယုတ်မာ "

မနေ့ညက ဒါဏ်ကြောင့် ဂျိတ်ခ်ရဲ့ခန္ဓာကိုယ်လေး နာကျင်နေရပြီ။ ဘန်ဂျမင်သာ လူသားတစ်ယောက်ဆို သူဒီလောက်ခံရခက်မှာမဟုတ်ဘူး။ အခုတော့ လူမဟုတ်တဲ့ ထူးထူးဆန်းဆန်းမျိုးနွယ်ဖြစ်နေတော့ ရမ္မက်ပြင်းထန်၍ သာမန်ထက် အချိန်ပိုကြာတယ်။

𝗧𝗵𝗲 𝗦𝗲𝗰𝗼𝗻𝗱 𝗟𝗲𝗮𝗱 [SungJake]Donde viven las historias. Descúbrelo ahora