Chapter 13

761 135 174
                                    






မိုးရာသီကုန်ခါနီးပြီမို့ အပြင်ဘက်၌ မိုးတဖွဲဖွဲကျဆင်းကာ အနည်းငယ်ချမ်းစိမ့်စိမ့်။ ဒါပေမဲ့လည်း ဒီနေ့မှာတော့ ကျောင်းတွင်းဟောပြောပွဲရှိတာကြောင့် အထက်တန်းကျောင်းသားအားလုံး ဟောပြောပွဲခန်းမထဲသို့ရောက်နေကြပြီ။

ဟောပြေပွဲခန်းမက ကျယ်ဝန်း၍ မိုးလုံလေလုံနေရာဖြစ်သည်။ ဒါ့အပြင် အထက်တန်းကျောင်းသားတွေချည်းပဲရှိတာမို့ ဘယ်အတန်းက ဘယ်မှာထိုင်ရမယ်ဆိုပြီး စည်းမျဉ်းတွေမရှိပါဘူး။ လွတ်တဲ့ ထိုင်ခုံမှာဝင်ထိုင်ကာ ဒီဟောပြောပွဲကိုနားထောင်ရုံပေါ့။

ဟောပြောမည့် အကြောင်းအရာက ဂြိုလ်သားတွေနဲ့ ပတ်သတ်နေတာမို့ အရေးကြီးသည်ဟု ဆိုရမည်။

" မင်ဝူ မင်း ဆယ်ရင်းကိုမိုးရေထဲ ပစ်ထားခဲ့တယ်ဆို "

" မင်းက ဘယ်လိုသိတာလဲ ဟီဆွန်း "

မင်ဝူက အမှန်အတိုင်းဝန်မခံဘဲ ဟီဆွန်းကိုမကျေနပ်သလို တစ်ချက်ကြည့်၍ပြောသည်။ ဒါပေမဲ့ ဟီဆွန်းက ဆယ်ရင်းရဲ့အစ်ကိုဝမ်းကွဲမဟုတ်ပါလား။ သူ့အနေနဲ့ ဒီကိစ္စအကြောင်းသိနေတာ ကိစ္စမရှိ။

သို့သော် ညီမဖြစ်သူ ဆယ်ရင်းကို မိုးရေထဲအကြာကြီးစောင့်စေခိုင်းပြီး အအေးပတ်အဖျားဝေစေတဲ့အထိ ဖြစ်စေသော ဟွမ်မင်ဝူကိုတော့ သူ,မကျေနပ်နိုင်ပါ။ ထို့ကြောင့် ဟီဆွန်းက သက်ပြင်းချလိုက်ပြီးနောက်

" ငါက အီဆယ်ရင်းရဲ့ အစ်ကိုဝမ်းကွဲပဲ။ ပြောစမ်းပါ ဘာလို့ ဆယ်ရင်းကိုဒီတိုင်းပစ်ထားခဲ့တာလဲ "

ဇာတ်လိုက်သာမက ဘေးဘီ၌ရှိသော လူတွေလည်း အံ့ဩသင့်ရသည်။ အခုဆို ဆယ်ရင်းကို အနိုင်ကျင့်နေကျ ဂိုယူရာတို့အဖွဲ့လည်း ဆယ်ရင်းအစ်ကိုဝမ်းကွဲအကြောင်းသိတာနဲ့ အားလုံးငြိမ်နေကြပြီ။

မင်ဝူက ဇာတ်လိုက်ဖြစ်သည့်အလျှောက် အံ့ဩနေဟန် တစ်စက်မျှမပြဘဲ အေးဆေးတည်ငြိမ်နေသည်။ အမြဲတမ်းနည်းပါး ဖော်ရွေလွန်းတဲ့သူက ဒီနေ့တော့ ဆယ်ရင်းကိစ္စကြောင့် ထူးဆန်းနေပါရဲ့။

သူ့မျက်ဝန်းတွေက ခပ်လှမ်းလှမ်းမှာရှိသော ဂျယ်ယွန်းကိုတစ်ချက်ကြည့်၍

𝗧𝗵𝗲 𝗦𝗲𝗰𝗼𝗻𝗱 𝗟𝗲𝗮𝗱 [SungJake]Where stories live. Discover now