Chapter 4: Intimacy

1K 171 117
                                    





ဂြိုလ်သားတွေရဲ့နယ်မြေလုမယ့် သတင်းကိစ္စက တစ်ကျောင်းလုံး ပျံ့သွားပြီးနောက် ညနေခင်းတစ်ချိန်လုံး, လေ့ကျင့်ချိန် ဖြစ်လာခဲ့တယ်။ ထိုသတင်းကြောင့် ကြောက်တဲ့ကျောင်းသားတွေလည်းရှိသလို၊ တိုက်မယ်ချမယ် တကဲကဲလုပ်နေတဲ့ ကျောင်းသားတွေလည်းရှိသည်။

အားလျော်စွာ အတန်းကြီးတွေကိုပဲ စူပါပါဝါ မည်သို့၊မည်ဝါလုပ်ရကြောင်း စသဖြင့် တိုက်ခိုက်ရေးအတွက် သင်ကြားပေးတယ်။ စူပါပါဝါရှိတဲ့ ၈၀%သော လူတွေအတွက် သူ့ဘာသာ အဆင်ပြေနေကြသော်လည်း ဂျယ်ယွန်းလေးအတွက်တော့ ဘာလုပ်လို့ဘာကိုင်ရမှန်းပင်မသိ။

သူ့လိုမျိုး သဘာဝလွန်အစွမ်းမရှိသူတွေအတွက် သီးသန့်လေ့ကျင့်ရေးနေရာလိုက်ရှာပေမယ့် မတွေ့ဘူးဖြစ်နေသည်။ စာသင်တုန်းက စိတ်လေလွှင့်တဲ့အကျိုးကျေးဇူးကြောင့် အခုတော့ ခံနေရပြီ။

နားထဲကြားလိုက်သော်လည်း ဦးနှောက်က မမှတ်မိဘူးဖြစ်နေတယ်။ လူများလွန်းတဲ့ ဘောလုံးကွင်းထဲ ပတ်ရှာပေမယ့် စူပါပါဝါရှင်အဖွဲ့တွေနဲ့သာ တွေ့နေရသည်။

အားလျှော်စွာ နွေဦးရာသီဖြစ်ကာ မိုးအုံ့နေတာကြောင့် ခံသာသည်။ သို့မဟုတ်ရင် ဂျယ်ယွန်း ထိုနေရာကိုလိုက်ရှာရင်းနဲ့ ချွေးတရွဲရွဲဖြစ်နေရမှာ၊ ယခုတော့ဖြင့် အများကြီးအဆင်ပြေသည်။ ထိုသို့ တစ်ယောက်တည်း လေ့ကျင့်ရေးနေရာပတ်ရှာ၍ လျှောက်သွားမိစဉ်မှာပင် တစ်စုံတစ်ယောက်နှင့် ပက်ပင်းတိုးမိတယ်။

ဒီ Webtoonရဲ့ ဇာတ်လိုက်ကြီး ဟွမ်မင်ဝူက သူ့ကိုစိုက်ကြည့်သည်။ ချောမောသော အမျိုးသားဖြစ်သော်လည်း ဒေါသကြီးတဲ့လူမှန်း ဂျယ်ယွန်းသိပါတယ်။

" ဆယ်ရင်းကို တွေ့မိသေးလား "

ရုတ်တရက်ကြီးမေးလာသည့် မေးခွန်းကြောင့် သူ ကောင်းကောင်းသဘောပေါက်ခဲ့ပါပြီ။ ဒီဇာတ်လိုက်က ပိန်းဥမင်းသမီးကလွဲပြီး ဘယ်သူ့ကိုမှလူလို့မမြင်ပါလားပေါ့။ ထိုဇာတ်လိုက်ရဲ့ပုံစံက ရည်းစားပျောက်လို့လိုက်ရှာနေတဲ့လူနှင့်တူသည်။

စင်စစ်တော့ ဇာတ်လိုက်တွေရဲ့ အချစ်ဇာတ်လမ်းက အစပျိုးရုံတင်လေးပဲရှိသေးတာကို ယောက်ျားလေးဇာတ်လိုက်တိုင်းက ပိုကိုပိုလွန်းသည်။

𝗧𝗵𝗲 𝗦𝗲𝗰𝗼𝗻𝗱 𝗟𝗲𝗮𝗱 [SungJake]Where stories live. Discover now