Chapter 10

855 137 120
                                    





နောက်ပိုင်း ဂျယ်ယွန်းနှင့် ဆောင်ဟွန်းတို့ကြားထဲက ဆက်ဆံရေး,အဆင်ပြေလာခဲ့သည်။ ယခုထိတိုင် ဂျယ်ယွန်းလေးဘက်က သဘောကျကြောင်းထုတ်မပြောပေမယ့်လို့ အပြုအမူတွေက ဆောင်ဟွန်းကို လက်ခံနေမှန်း အသိသာကြီး။

ဒီနေ့ မိုးဖွဲဖွဲကျနေတာမို့ ဂျယ်ယွန်းက ဟူဒီအနီရောင်ခပ်ပါးပါးကို ဝတ်ဆင်ထားသည်။ လွယ်အိတ်ကြိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား၍ လမ်းလျှောက်နေသည်။

" ဂျယ်ယွန်းလေး ကိုယ်တို့ အသစ်ဖွင့်တဲ့ကဖေးသွားကြမလား "

" ဟင့်အင်း။ ရုပ်ရှင်ကြည့်ရအောင်လေ။ စုံထောက်ဇာတ်လမ်းက ကြည့်ကောင်းတယ်လို့ပြောကြတယ် "

ဂျယ်ယွန်းအသေးလေးက ခေါင်းခါပြ၍ ဆောင်ဟွန်းကို မော်ကြည့်ကာ နှုတ်ခမ်းလေးကဆူထော်လို့။ ဆောင်ဟွန်းက ဒီအနုပညာလေးကြောင့် ထီးကိုင်ထားရင်းဖြင့် ခပ်ဖွဖွပြုံးသည်။

ဒီနောက်ပိုင်း နှစ်ယောက်သား အတူတူအဆောင်ပြန်ဖြစ်သလို၊ ဘယ်သွားသွား အတူတူဖြစ်လာခဲ့တယ်။ တစ်ခါတလေ ကဖေးဒိတ်တွေလုပ်ဖြစ်ပြီး တစ်ခါတစ်ရံတော့ ညဈေးတန်းအတူသွားတာတို့၊ အဆောင်မှာ အတူအချိန်ဖြုန်းတာမျိုးလည်းရှိတတ်သေးတယ်။

အရင်တုန်းက ဆောင်ဟွန်းနဲ့ မရင်းနှီးလို့ ခပ်တန်းတန်းနေတတ်တဲ့ ဂျယ်ယွန်းလည်း ပြောင်းလဲလာပါပြီ။ အမြဲတမ်း စီနီယာလို့ ခေါ်နေရာမှ တစ်ခါတစ်ရံ နာမည်ချည်းပဲခေါ်တတ်သည်။ ဒါ့ပြင် ဆောင်ဟွန်းကို ရွယ်တူသူငယ်ချင်းကဲ့သို့ ဆက်ဆံတတ်သည်။

မည်သို့ပင်ဖြစ်စေ ဒုတိယဇာတ်လိုက်မူကား အချစ်နွံထဲနစ်နေပြီမို့ ဘာမှဂရုမစိုက်နိုင်တော့။ ဂျယ်ယွန်းသေးသေးလေးနဲ့အတူရှိနေရတာကိုတင် ပျော်ရွှင်နေသည်။

" နော်။ ဆောင်ဟွန်းနီး ရုပ်ရှင်ကြည့်ရအောင် ပြီးရင်ခေါက်ဆွဲပြုတ်ဝင်စားရအောင်။ နီခီပြောတာ အဲ့Shopping Mallမှာ မုန့်ဈေးတန်းတွေအများကြီးရှိတယ်တဲ့ "

" အင်း အဲ့တာဆိုလည်း သွားမယ်လေ။ ဒီနေ့ကြည့်မယ့် ရုပ်ရှင်က နာမည်ကြီးလား "

" ဟင့်အင်း။ မသိဘူး အတန်းထဲမှာလူပြောများနေတော့ ကြည့်ကြည့်မလို့ "

𝗧𝗵𝗲 𝗦𝗲𝗰𝗼𝗻𝗱 𝗟𝗲𝗮𝗱 [SungJake]حيث تعيش القصص. اكتشف الآن