Chapter 17

585 108 152
                                    




နှင်းတဖွဲဖွဲကျဆင်းနေသော ဆောင်းရာသီဖြစ်၏။ ထို့နည်းတူ ဒီနေ့ဟာ ကျောင်းဖွင့်ရက်ဖြစ်နေပါတယ်။
ခရစ္စမတ်ကျောင်းပိတ်မရောက်သေးတော့ ကျောင်းသူကျောင်းသားတွေဟာ အနွေးထည်ထူထူဝတ်ထားလျက် ကျောင်းဝန်းထဲမှာအပြည့်။

ထိုထဲမှာ ဆောင်ဟွန်းကတော့ တည်ငြိမ်သောမျက်နှာထားဖြင့် သူ့အတန်းကို ဦးတည်လာခဲ့သည်။ အရင်ကတည်းက အပြုံးအရယ်မရှိတာကြောင့် ဒါက သူ့ရဲ့ပုံမှန်အမူအကျင့်တစ်ခုပါပဲ။

သို့သော် သူ့အနားသို့ ပြေးလာသည်က ခပ်သေးသေးကောင်ငယ်လေးဖြစ်၍ နူးညံ့သော အညိုရောင်ဆံနွယ်ကိုပိုင်ဆိုင်ထားသည်။ ဂျယ်ယွန်းသေးသေးလေးဟာ ဆောင်ဟွန်းလက်မောင်းကိုချိတ်လိုက်ပြီး

" ဆောင်ဟွန်းနီး "

" အင်း ကိုယ့်ဂျယ်ယွန်းလေး "

" ဒီနေ့ အတန်းလစ်ရအောင်လေနော်။ တိတ်တိတ်လေး အပြင်ခိုးထွက်ရအောင် "

အနီရောင်ဟူဒီကိုဝတ်ဆင်ထားသည့် ဂျယ်ယွန်းလေးက ချစ်စရာအတိ။ ဆောင်ဟွန်းကို အချွဲလေးလုပ်နေပြီး လက်မောင်းကိုဖက်ထားရမှ မလွတ်သေးချေ။

ဒါပေမဲ့ ထူးခြားတာက ဆောင်ဟွန်းဖြစ်နေ၍ သူဟာ အသေးလေးကို ကြေကွဲဖွယ်မျက်ဝန်းတွေဖြင့်စိုက်ကြည့်သည်။ ထို့နောက် ပင်ပန်းခက်ခဲနေတဲ့ လူတစ်ယောက်ကဲ့သို့ စကားထွက်ဆိုလာသည်။

" ကိုယ် ဂျယ်ယွန်းလေးကို ပြောစရာရှိတယ်။ အရင်ဆုံး တစ်နေရာသွားရအောင် "

" တကယ်လား။ အွန်း အာ့ဆိုသွားမယ်လေ "

ဖြူစင်လွန်းတဲ့အကောင်ပေါက်လေးမှာတော့ ဘာမှသိပုံမရဘူး။ ဆောင်ဟွန်းနဲ့ရှိတိုင်း ပြုံးရယ်လျက်ရှိနေပြီး ယခုလည်း ထို့နည်းတူပင်။ ဂျယ်ယွန်းက မျက်လုံးတွေမှိတ်သည်အထိ ပြုံးပြလိုက်၍ ဆောင်ဟွန်း လက်မောင်းကိုချိတ်တွဲထားသည်။

ဒါ့အပြင် ကစားစရာရသွားတဲ့ ကလေးတစ်ယောက်လို ပြုံးရယ်နေတာကြောင့် ဆောင်ဟွန်း အတွက်ခက်ခဲနေပြီ။ သူ ဂျယ်ယွန်းလေးကို မစွန့်လွှတ်ချင်ဘူး။ သို့သော်လည်း သူ့ရဲ့အကျပ်အတည်းတွေဟာ ဝေခွဲမရခက်ခဲစေလွန်းသည်။




𝗧𝗵𝗲 𝗦𝗲𝗰𝗼𝗻𝗱 𝗟𝗲𝗮𝗱 [SungJake]Where stories live. Discover now