ဆောင်းဦးရာသီ ညနေခင်းအချိန်ဖြစ်၍ အပျော်စီးသင်္ဘောပေါ်တွင်ဖြစ်သည်။ ဇိမ်ခံသင်္ဘောဖြစ်တာကြောင့် သက်တောင့်သက်ရှိနေမှာ မလွဲမသွေပါပဲ။ဒါပေမဲ့ အဝတ်လဲခန်းထဲက မှန်ကိုစေ့စေ့ကြည့်နေသည့် တစ်စုံတစ်ယောက်ကတော့ ဝမ်းနည်းနေပုံပေါ်တယ်။ ချောမောသော မျက်နှာလေးထက်၌ ဝမ်းနည်းနေသည့်မျက်ဝန်းတွေက အထင်းသား။ အရင်လို အပြုံးအရယ်ပျောက်ကွယ်၍ အလွန်အမင်း စိတ်ဆင်းရဲနေသည်။
စင်စစ်လည်း ဂျယ်ယွန်း ဒါကိုသဘောမကျလို့ ထမင်းအငတ်ခံရုံမက၊ သူ့ကိုယ်သူ ဒါဏ်ရာရစေတဲ့အထိ ငြင်းဆန်ခဲ့တယ်လေ။ ဝတ်ထားသော လက်ရှည်အင်္ကျီကို ခေါက်တင်မိသည့်အခါ လက်ကောက်ဝတ်က ဒါဏ်ရာငယ်က အထင်းသားပေါ်လာသည်။။
" ဘယ်လိုလုပ်ရမလဲ "
တစ်ယောက်တည်း တီးတိုးပြော၍ စိတ်မသက်မသာဖြစ်ကာ သက်ပြင်းချမိသည်။ ဂျယ်ယွန်း ဒီဘဝကို မုန်းလွန်းလှပါပြီ။ အခုလို အလိုလိုနေရင်း Main Character ဖြစ်သွားရတဲ့ ဘဝထက်စာရင် အရံက ပိုတောင်ကောင်းဦးမယ်ထင်ရဲ့။
ယခုတော့များ ဇာတ်ဆရာအလိုကျလိုမျိုး သူ့ဘဝက ကာတွန်းဆရာ၏ကြိုးဆွဲရာအရုပ်ဖြစ်နေပြီ။
" ဂျယ်ယွန်း အခုထိမပြီးသေးဘူးလား။ ပွဲစတော့မယ်လေ မြန်မြန်လုပ် "
" ဧည့်သည်တွေကော သူငယ်ချင်းတွေကော ရောက်နေကြပြီ "
ထိုသို့သော သတိပေးသံနှယ် စကားများကိုကြားလိုက်ရတော့ မျက်ရည်ရစ်သိုင်းနေစော မျက်လုံးလှလှလေးတို့က မငိုမိအောင် မနည်းထိန်းနေရတယ်။ အသက်ပြင်းပြင်းရှူလိုက်ကာ မသက်သာစွာ လှည့်ထွက်ခဲ့သည်။ ဒါ့အပြင် အနောက်အတိုင်းအင်္ကျီလက်ရှည်ကို ဒါဏ်ရာဖုံးဖို့ လိပ်တင်ထားရာက ဖြေလျှော့ခဲ့တယ်။
ကြည့်မှန်ကို ကျောခိုင်း၍ တံခါးကိုဖွင့်လိုက်သည်။ သူ့ရဲ့မျက်နှာလှလှလေးတွင်တော့ ခံစားချက်မဲ့နေကာ ဘယ်လောက်ဝမ်းနည်းနေမလဲ သိသာလွန်းလှသည်။
ဒီနေ့ဟာ "True Love" Webtoon အတွက် အရေးအကြီးဆုံး နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်၏။ အကြောင်းမူကား ဇာတ်လိုက်နှစ်ယောက်ရဲ့ စေ့စပ်ပွဲမဟုတ်ပါလား။ ထို့ကြောင့် ကိုယ်ပိုင် ဇိမ်ခံသင်္ဘောဖြင့် အသိမိတ်ဆွေတွေအပြင်၊ ကျောင်းက လူတွေအထိပါ ဖိတ်ကြားပြီး တပျော်တပါးပွဲလုပ်ကြသည်။
ESTÁS LEYENDO
𝗧𝗵𝗲 𝗦𝗲𝗰𝗼𝗻𝗱 𝗟𝗲𝗮𝗱 [SungJake]
FanficSim Jake is an ordinary college student and he is from the wealthy family. One day, he read popular webtoon named " True Love " which is written by an unknown . He was interested in the webtoon and he felt empathy for 𝘁𝗵𝗲 𝘀𝗲𝗰𝗼𝗻𝗱 𝗹𝗲𝗮𝗱 ch...