Chapter 22

805 104 63
                                    





" ဘန်ဂျမင်ရှီ "

" အင်းပြောလေ ဘေဘီ။ အိပ်ချင်နေပြီလား "

" ဒီတလောအတွင်း အများကြီးပင်ပန်းခဲ့မှာပဲ "

" ဘာလို့လဲ ကိုယ်ဘာမှမလုပ်ရသေးဘူးလေ။ ဝမ်းမနည်းပါနဲ့ ဂျိတ်ခ်သေးသေးလေးရဲ့။ ကိုယ်အဆင်ပြေပါတယ် "

ဘန်ဂျမင်ဟာ ရင်ခွင်ထဲက ဂျိတ်ခ်ကိုပြုံးပြ၍ နူးနူးညံ့ညံ့ဆံနွယ်တွေကို ခပ်ဖွဖွထိကိုင်သည်။ စင်စစ်လည်း သူ့မှာအခက်အခဲတွေအများကြီး ကြုံတွေ့ခဲ့ရတာ မှန်ပေမယ့် ဒါတွေကြောင့်ပဲ ချစ်ရသူနဲ့တွေ့ဆုံခဲ့ရတယ်မဟုတ်လား။ ဒါပေမဲ့တော့ ဘန်ဂျမင်သည် ယင်းအတိတ်အကြောင်းတွေကို ထပ်မတွေးချင်တော့ဘူး။

သူ့ရင်ခွင်ထဲမှာရှိနေသည့် အသေးလေးက ရင်ခွင်ထဲကနေရုန်းထွက်ကာ သူနှင့်မျက်နှာချင်းဆိုင်တယ်။ ဂျိတ်ခ်၏ ချောမောပြီးချစ်စရာကောင်းတဲ့ မျက်နှာလေးက ညိုးနွမ်းလျက်။ မျက်လုံးလှလှလေးတို့ထက် မျက်ရည်ကြည်တို့စုဝေးနေ၍ စိတ်မကောင်းဖြစ်နေတယ်ထင်ပါရဲ့။

" ဘန်ဂျမင်က ဗန်ဖိုင်းယားဆိုတော့ ဒီတိုင်း နှစ်ချီနေရတာ အရမ်းအထီးကျန်ရမှာပဲနော် "

" တစ်ခါတလေ နည်းနည်းပါးပါးပေါ့ ဘေဘီရယ်။ အဲ့လောက်ကြီးမဟုတ်ပါဘူး "

" ဒါပေမဲ့ ကျွန်တော့်ကြောင့် ကျွန်တော့်ကြောင့်နဲ့ ဘန်ဂျမင်သေ...."

" မဟုတ်ဘူး။ အဲ့တာက ကာတွန်းဆရာက တမင်ဆွဲထားတာ ကိုယ့်ပူတူးလေးကြောင့်မဟုတ်ဘူး။ စိတ်ထဲမထားရဘူးလေ ကလေးလေး "

အသေးလေးဂျိတ်ခ်မှာ သူ့ကိုစိုက်ကြည့်ပြီး တအီအီနဲ့ငိုနေတာကြောင့် ဘန်ဂျမင်လည်း စိတ်မကောင်းဖြစ်ရသည်။ အခုထိတိုင် ရှင်းမ်ဂျိတ်ခ်လေးက မျက်ရည်အရွဲသားနဲ့ သူ့ကိုယ်သူ အပြစ်တင်နေတုန်းပင်။ တကယ်ဆို ထိုအရာတွေက သူ့ကြောင့်မဟုတ်ရင်တောင်မှ ဒီလိုကိစ္စတွေကြီးကြီးမားမား ဖြစ်အောင်လုပ်သူက သူ(ဂျိတ်ခ်) မဟုတ်လား။

" တောင်း..တောင်းပန်ပါတယ်။ ဘန်ဂျမင်ကို ပစ်ထားမိခဲ့တယ် "

" ဒီစကားက ကိုယ်ပြောရမှာပါ။ ကိုယ့်မှာ ပူတူးလေးကို Webtoonထဲမှာ နှုတ်ဆက်စကားမပြောလိုက်ရဘူးလေ။ ကိုယ့် ဂျိတ်ခ်ပိစိလေး ဝမ်းနည်းခဲ့ရမှာပဲ။ ကြိုမပြောပြနိုင်ခဲ့လို့တောင်းပန်ပါတယ်နော် "

𝗧𝗵𝗲 𝗦𝗲𝗰𝗼𝗻𝗱 𝗟𝗲𝗮𝗱 [SungJake]Donde viven las historias. Descúbrelo ahora