Chapter 11: 𝗕𝗶𝗴𝗴𝗲𝘀𝘁 𝗖𝗵𝗮𝗻𝗴𝗲

844 119 95
                                    





မနက်ခင်းချိန်ဖြစ်သော်လည်း ကျောင်းသူကျောင်းသားတွေအားလုံး Cafeteriaမှာ အပြည့်။ နေရာမလွတ်အောင် စည်ကားသည့်ပွဲတော်ကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံးလည်း ထုံးစုံအတိုင်း ဆူညံလျက်ရှိသည်။

ဒီနေ့ရဲ့ ရာသီဥတုကတော့ မိုးရာသီမို့ ပြင်းထန်သော မိုးရွာသွန်းခြင်းက အစဉ်ပင်။ ဒါပေမဲ့လည်း ကျောင်းသူ၊ကျောင်းသားတွေဟာ ကျောင်းသို့အမြဲရောက်လာမြဲဖြစ်၏။

" လာစမ်းပါ ဂျယ်ယွန်းရဲ့။ တစ်ခါတစ်လေလေး Cafeteria သွားတဲ့ဟာကို "

" ငါ မနက်စာစားလာတယ်လို့။ မသွားချင်ပါဘူး လူတွေကရှုပ်ရှုပ်ရှပ်ရှပ်နဲ့ "

ပြောသာပြောနေပေမယ့် ဂျယ်ယွန်းမှာ အီဆယ်ရင်းခေါ်လို့ ကျောင်း Cafeteria ကိုရောက်နေပြီ။ လွတ်လပ်နေသော စားပွဲတစ်ခုမှာထိုင်နေ၍ လက်ထဲကဖုန်းကိုထုတ်သည်။ ဒါပေမဲ့လည်း ဘေးက ပိန်းဥမင်းသမီးက သူ့ကိုတစ်ချက်ကြည့်ကာ

" နင် စားချင်တာတစ်ခုခုမရှိဘူးလား "

" အာ ပန်ကိတ်စားမယ်လေ။ ခဏလေး ငါလည်းလိုက်ခဲ့မယ် "

" အေး မြန်မြန်လာခဲ့ "

ဆယ်ရင်းက ဂျယ်ယွန်းကိုစောင့်နေပြီး စိတ်မရှည်ချင်တဲ့ပုံ။ ဒါပေမဲ့ ဂျယ်ယွန်းကတော့ သူ့လွယ်အိတ်နဲ့ထိုင်ခုံနေရာဦးထား၍ လက်ထဲကဖုန်းကိုအိတ်ကပ်ထဲထည့်ပစ်သည်။ ထို့နောက် မုန့်တွေတည်ခင်းရာနေရာသို့ ထွက်လာကြတယ်။

မနက်ခင်းပိုင်းက ကျောင်းက,အလကားမကျွေးသော်လည်း မုန့်မျိုးစုံကိုရောင်းချတာကြောင့် တစ်မျိုးကောင်းသည်။ ဂျယ်ယွန်းက ပန်ကိတ်စားချင်တာမို့ ပန်ကိတ်နှင့် စတော်ဘယ်ရီမစ်ရှိတ်ကို ဝယ်ခဲ့တယ်။

သူနှင့်ဆယ်ရင်းတို့ နေရာကိုပြန်ရောက်တော့ စားပွဲဝိုင်း၌ ဇာတ်လိုက်တို့တစ်သိုက်ကိုတွေ့လိုက်ရသည်။ အထူးသဖြင့် ဂျယ်ယွန်းရဲ့ဒုတိယဇာတ်လိုက်လည်း ပါဝင်နေတယ်။ ဒီလူတွေနဲ့ ဘာကြောင့်များ တိုက်တိုက်ဆိုင်ဆိုင်တွေ့နေရပါလိမ့်။

Webtoonကမ္ဘာဆိုတာကို နားလည်ပေမယ့် အမြဲတမ်းနီးပါး ဇာတ်လိုက်တွေနဲ့ချည်းတွေ့နေရတာကို ဂျယ်ယွန်းမုန်းလှသည်။

𝗧𝗵𝗲 𝗦𝗲𝗰𝗼𝗻𝗱 𝗟𝗲𝗮𝗱 [SungJake]Where stories live. Discover now