Chapter 14: 𝚃𝚑𝚎 𝙽𝚎𝚠𝚜

678 118 115
                                    




စပိုင်ဂြိုလ်သားတွေနဲ့ ပြဿနာဖြစ်ခဲ့ပြီးနောက် ကိစ္စအကြီးကြီးတွေ စတင်ဖြစ်လာတော့သည်။ ထိုကား တစ်ခါမှ မတွေ့ဖူးသောမိဘနှစ်ပါးက ဂျယ်ယွန်းဆီသို့ ရောက်ရှိလာခြင်းဖြစ်၏။

Webtoon အစပိုင်းမှာ သူ့အတွက်မိဘမပြောနဲ့ ဘာဆိုဘာမှ မပေးခဲ့လေသမျှ ယခုမှ ကာတွန်းဆရာက,ဘာထဖြစ်မှန်း ဂျယ်ယွန်းလေး တကယ်မသိငတော့ပါ။ ဘယ်လိုမှလည်း မတွေးတတ်တော့ဘူးလေ။

" အိုး မေမေ့သားလေး အရမ်းလန့်သွားမှာပဲ။ အဲ့ဂြိုလ်သားတွေကြောင့် တစ်ခုခုဖြစ်သွားသေးလားဆိုပြီး မေမေဖြင့် စိတ်ပူလိုက်ရတာ "

" တော်သေးတာပေါ့ ဂျယ်ယွန်း ဘာမှမဖြစ်သွားလို့ "

မိခင်ဖြစ်ပုံရသော အမျိုးသမီးကြီးက အလွန်အမင်းစိုးရိမ်ဟန်။ ဂျယ်ယွန်းကို ခေါင်းအစခြေအဆုံး စေ့စေ့ကြည့်၍ တစ်ခုခုဖြစ်သွားမှာကို စိတ်ပူနေသည်။

ယင်းအမျိုးသမီးကြီးက ချောမောကာ အဆင့်အတန်းမြင့်မြင့်ထဲကမှန်း သိသာသလို၊ သူ့၏ဖခင်ဖြစ်ပုံရသည့် အမျိုးသားကြီးကလည်း ထို့အတူပင်။ ဤသို့သော တစ်ခါမှမမြင်ဖူးသော မိဘနှစ်ပါးကို ငေးကြည့်ရင်း ဂျယ်ယွန်းလေးမှာ တအံ့တဩဖြစ်နေတယ်။ သူ့မှာ ဘာမှမပြောနိုင်ဘဲ နှုတ်ဆိတ်နေသကဲ့သို့ဖြစ်နေသည်။

စင်စစ်လည်း အကြောင်းမကြား၊ဘာမကြားရောက်လာခဲ့တဲ့မိဘတွေကြောင့် သူအတော်လေး လန့်သွားရတယ်။ အခုတွင်မူ အဆောင်က ဧည့်ခန်းထဲမှာ ထိုလူကြီးတွေနှင့်အတူရှိရ၍ ဘေးဘီ၌ ဆောင်ဟွန်းပါ အတူရှိနေပေးလို့ ခံသာသည်။ နို့မို့ဆို ဘယ်လိုဖြစ်မလဲ သူ,မတွေးတတ်တော့ပါ။

" အန်တီတို့စိတ်မပူပါနဲ့ ဂျယ်ယွန်းလေးက အဆင်ပြေပါတယ်။ စိတ်ချပါ "

ရုတ်တရက် ဆောင်ဟွန်းက သူ့တို့ဘက်ကိုစိုက်ကြည့်ကာ စကားစသည်။ ဒီတော့မှ မိဘနှစ်ပါးက ဆောင်ဟွန်းကို တစ်ချက်ကြည့်ပြီးနောက် ဂျယ်ယွန်းထံသို့ အာရုံစိုက်လိုက်ရင်းဖြင့်

" တော်သေးတာပေါ့ "

" ဒါနဲ့ သားက ဂျယ်ယွန်းရဲ့သူငယ်ချင်းထင်တယ်။ ဂရုစိုက်ထားပေးလို့ ကျေးဇူးပဲနော်။ အန်တီတို့က အမြဲတမ်းအလုပ်ရှုပ်နေတော့ လာတွေ့ဖို့မဖြစ်နိုင်ဘူး "

𝗧𝗵𝗲 𝗦𝗲𝗰𝗼𝗻𝗱 𝗟𝗲𝗮𝗱 [SungJake]Where stories live. Discover now