Chapter 7

920 142 121
                                    




ရာသီဥတုသာယာလွန်းသော နေ့တစ်နေ့ဖြစ်၏။ ယင်းနည်းတူ အားလပ်ရက် စနေနေ့ဖြစ်နေတော့ ပိုပြီးကောင်းမွန်သည်လေ။ ဒီနေ့တော့ ဂျောင်ဝန်းစီစဉ်တဲ့ မြို့ပတ်,လည်ပတ်ရေးစတင်ခဲ့သည်။

မနက်ခင်း ၁၀နာရီကတည်းက အဆောင်ကထွက်ပြီး ကဖေးသွား၊ ဂိမ်းဆိုင်မှာ ဂိမ်းဆော့ခဲ့သေးသည်။ ထို့နောက် လူလေးယောက်မို့ ဘက်ညီမျှကာ နာမည်ကြီး ### Mallသို့ ချီလက်တက်ခဲ့ကြတယ်။

" ဆောနူ ငါတို့concert သွားရင်ကောင်းမလား "

ပီဇာဆိုင်တစ်ခုမှာ နေ့လယ်စာဝင်စားနေရင်း နီခီက အဝေးတစ်နေရာကိုစိုက်ကြည့်၍ ရုတ်တရက်ပြောလာသည်။

" ဟင် ဘာconcertလဲ "

" AI အဆိုတော်လေကွာ။ Hellen Jena "

ဒီတော့မှ ဆောနူနှင့်ဂျောင်ဝန်းက နားလည်သဘောပေါက်သွားသည့်နှယ် ခေါင်းညိတ်ကာ သဘောတူလိုက်ကြတယ်။ တကယ်လည်း ဒီကမ္ဘာမှာ Alအဆိုတော်တွေကော၊ လူအဆိုတော်တွေပါများပြားလွန်းသည်။ ဒါပေမဲ့ ဘာမှနားမလည်သော ဂျယ်ယွန်းလေးဟာ ချိစ့်ပီဇာကိုတစ်ကိုက်,ကိုက်၍ ငေးကြောင်ကြောင်စိုက်ကြည့်နေမိတယ်။

" ဂျယ်ယွန်းဟျောင်း "

" အွန်း "

" ကျွန်တော့်မျက်နှာမှာ ဘာပေနေလို့လဲ "

" အာ ဘာမှမပေပါဘူး။ နီခီကိုမေးစရာရှိလို့။ တစ်မျိုးတော့မထင်ပါနဲ့ ဒီမှာ AI အဆိုတော်တွေလည်း concertလုပ်တာလား "

ဂျယ်ယွန်းက သိလိုစိတ်ပြင်းပြနေ၍ ဒီကလေးသုံးယောက်ကို ယုံကြည်ပြီးမေးခွန်းတွေမေးမိသည်။ သူလည်း ဒီအရာတွေနဲ့အစိမ်းသက်သက်ခံစားရတာမို့ မသိတာကို,မေးမြန်းခြင်းက ဖြစ်သင့်ပါတယ်။

ထိုအခါ ဂျောင်ဝန်းကခေါင်းညိတ်ပြတယ်၊ ဒါပေမဲ့လို့ ဆောနူကအရမ်းပြောပြချင်နေပုံပေါ်၏။ သူက mint choco ရေခဲမုန့်ဘူးကိုင်ထားရင်းဖြင့်

" ဟုတ်တယ်ဟျောင်း။ ဒီမှာ တော်တော်များများက AI အဆိုတော်တွေကိုပိုကြိုက်ကြတယ်လေ။ ကုမ္ပဏီတွေအကြိုက်ပေါ့ "

" ပြီးတော့ တစ်နေ့က,အတန်းထဲမှာကြားတာ နေ့လယ်လည်း concert တွေရှိတာပဲလား။ ပုံမှန်ဆို ညပိုင်းမှလုပ်ကြတာလေ "

𝗧𝗵𝗲 𝗦𝗲𝗰𝗼𝗻𝗱 𝗟𝗲𝗮𝗱 [SungJake]Where stories live. Discover now