Chapter 18: Goodbye My Love

680 103 115
                                    






လျှင်မြန်စွာကူးပြောင်းခဲ့သော နေ့ရက်တွေကြောင့် ဖေဖော်ဝါရီလသို့ရောက်ရှိခဲ့ပြီ။ ယင်းနည်းတူ နှင်းသည်းထန်စွာ ကျဆင်းလျက်ရှိသည်။

အေးချမ်းလွန်းလှသည့် ဆောင်းရာသီ မကုန်ဆုံးသေးတာမို့ ဂျယ်ယွန်းလည်း အဖြူရောင် ဟူဒီထူထူကိုဝတ်ဆင်ထားပြီး ဖုန်းကို စိတ်မပါစွာကြည့်နေမိတယ်။

စင်စစ်တော့ သူ့ရဲ့စိတ်အစုံက လွန်ခဲ့တဲ့ သုံးလကတည်းက တစ်ယောက်သောသူဆီမှာ ပုံအပ်ခဲ့ပါပြီ။ အရာအားလုံးက ကာတွန်းဆရာ၏လက်အောက်မှာမို့ သူ့မှာ အမြဲတမ်း ဤအကျဉ်းထောင်ထဲတွင်ရှိနေရသည်။

ယခုလည်း အတန်းထဲမှာရှိနေပေမယ့် ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်ဖြစ်နေတယ်။ အရင်တုန်းက ဂျေးတို့နဲ့ Cafeteria မှာ ရေလိုက်ငါးလိုက် လုပ်ခဲ့သမျှ အခုတော့ သူမဟုတ်တော့သလို အတော်လေးငြိမ်သားကျသွားသည်။

မျက်လုံးတွေက ဖုန်းမျက်နှာပြင်ကိုစိုက်ကြည့်၍ သတင်းတစ်ချို့ကိုဖတ်မိ၏။ ထူးဆန်းစွာပင် နာမည်ကြီးသတင်းဌာနက ဗီဒီယိုနှင့်သတင်းတွေကို အံ့ဩမိသည်။

အကြောင်းမူကား NASA၏ အဆိုအရ ဂြိုလ်သားတွေဟာ ကမ္ဘာမြေကိုသိမ်းပိုက်ဖို့ အာကာသယာဉ်ကြီးယာဉ်ငယ်နဲ့ လာနေကြပြီဆိုသတဲ့။ ဒါ့အပြင် အာကာသရှိ ဂြိုလ်တုတွေကနေ ရိုက်ထားသည့် ဓာတ်ပုံများကိုလည်း ရှင်းရှင်းလင်းလင်းမြင်နေရသည်။ ထို့ကြောင့် ဒါဟာ လိမ်ညာနေတာမဟုတ်မှန်း အသိသာကြီး။

ဂျယ်ယွန်း ဒါကို အလွန်အံ့အားသင့်သော်လည်း စိတ်ထဲမှာ ဒီWebtoonပြီးတော့မယ်ဆိုတာ ခံစားမိတယ်။ အစကတည်းက ဂြိုလ်သားတွေနဲ့တိုက်ခိုက်ဖို့ရှိနေသည့် ဇာတ်လမ်းဟာ ဘာမှပြောင်းလဲမှာ မဟုတ်ဘူး။ သို့သော် ဂျယ်ယွန်းကတော့ ဘယ်လိုမှပျော်မနေပါ။

မကြာလိုက်၊ ချက်ချင်းဆိုသလို ကျောင်းရဲ့ခေါင်းလောင်းသံနှင့်အတူ အတန်းထဲရှိ ပရိုဂျက်တာတွေကနေ ကမ္ဘာကျော်သတင်းကိုတင်ဆက်ပြသနေသည်။ အကြောင်းအရာကတော့ သူသိနှင့်ပြီးသား ဂြိုလ်သားတွေဘက်က နယ်မြေကျူးကျော်လာတဲ့ သတင်းဖြစ်သည်။

ဒီလိုဆိုမှတော့ အနှေးနဲ့အမြန် တိုက်ခိုက်ပွဲက စတင်တော့မှာမှန်း အားလုံးအတတ်သိတယ်။ အတန်းထဲက ကျောင်းသားတွေ လှုပ်လှုပ်ယွယွဖြစ်လာကြပြီး

𝗧𝗵𝗲 𝗦𝗲𝗰𝗼𝗻𝗱 𝗟𝗲𝗮𝗱 [SungJake]Where stories live. Discover now