Chapter 1

2.7K 211 95
                                    




ဒီနေ့ သင်္ချာပါမောက္ခက နည်းနည်းနောက်ကျမယ်ဆိုတာကြောင့် သူ ဘယ်မှမသွားဘဲ အတန်းထဲမှာထိုင်ကာ ဖုန်းထုတ်ကြည့်နေတယ်။ ဂျိတ်ခ်ရဲ့ ထုံးစံအတိုင်း SNSသုံးခြင်းပေါ့။ အခုတလော ဘာက ခေတ်စားတယ်၊ ဘယ်လို ဓာတ်ပုံမျိုးရိုက်ကြသလဲ၊ ဘယ်သတင်းကနာမည်ကြီးတယ် စသဖြင့် ခေတ်လူငယ်ဖြစ်သည့် သူ့အတွက် ဒါကပိုပြီးပျော်စရာကောင်းသည်။

ယင်းနည်းတူ သူ့၏အတန်းဖော်တွေကလည်း စကားပြောလိုက်၊ ဟီးဟီးဟားဟားလုပ်နေကြသည်။ ထိုစဉ် ဒေးဗစ်က ဂျိတ်ခ်၏ ပခုံးကိုအသာလေးပုတ်ကာ

" ဟေ့ရောင် ငါမင်းကိုသတင်းကောင်းပြောစရာရှိတယ် "

" လာပြန်ပြီလား Webtoon ကိစ္စတွေ "

ဒေးဗစ်ရော်ဂျာဆိုသည့် သူ့သူငယ်ချင်းက Webtoonတွေ Manhwaတွေကို နှစ်သက်စွဲလမ်းတဲ့လူ။ တစ်နည်းအားဖြင့် အပြင်က,ကောင်မလေးတွေထက် webtoonထဲက ကောင်မလေးတွေက သူ့ ideal typeလို့ အမြဲပြောနေတတ်တဲ့ရူးပေါပေါ တစ်ယောက်။ ဒါပေမဲ့လည်း ဒေးဗစ်နဲ့ ဂျိတ်ခ်က ငယ်ငယ်ကတည်းခင်မင်ကြတဲ့ သူငယ်ချင်းတွေဆိုတော့ အကောင်းဘက်ကပဲ မြင်လိုက်ပါမယ်။

" အခုကော ဘာဖြစ်လို့လဲ "

" ဟေ့ရောင် ငါကမင်းကြိုက်မယ်ထင်လို့ပြောပြတာနော်။ Art style ကလည်း ခပ်မိုက်မိုက် ပြီးတော့ Supernatural အော်နောက်ထပ် တစ်ခုရှိသေးတယ် မင်းသမီးက ချောချောလေး "

" ဖတ်ကြည့်လိုက် ငါမင်းကို linkပို့ထားတယ်။ လိမ္မာပါတယ် ရှင်မ်းဂျိတ်ခ်ရာ ငါမင်းကို ကော်ဖီဝယ်တိုက်ပါ့မယ် "

သူ့ပခုံးကို အသာပုတ်ပြီးပြောနေသည့် ဒေးဗစ်က အဲ့လိုလူမျိုး။ Webtoonတွေကို သူနဲ့အတူဖတ်ဖို့ မဲဆွယ်တဲ့နေရာမှာ နံပါတ်(၁)။ ဒီလိုလူသာ သမ္မတရွေးပြိုင်ကြည့် အဲ့ကောင် ထိပ်ဆုံးမှာရောက်နေမှာ။

အခုလည်းကြည့် ဂျိတ်ခ်တစ်ယောက် အင်း၊အဲ တောင်မလုပ်ရသေး ဇွတ်ကိုဖတ်ခိုင်းနေတော့တာပဲ။ ဒေးဗစ်ရဲ့ ကော်ဖီတစ်ခွက်ကြောင့်မဟုတ်၊ နားညီးလွန်းရတာမို့ ဂျိတ်ခ်ရဲ့လက်ချောင်းတွေက ထိုwebtoon linkကို နှိပ်မိလိုက်၏။ ထို့နောက် သူကိုယ်တိုင်မသိပါဘဲ  "True Love" အမည်ရှိတဲ့ Webtoonကို ဖတ်မိသွားသည်။

𝗧𝗵𝗲 𝗦𝗲𝗰𝗼𝗻𝗱 𝗟𝗲𝗮𝗱 [SungJake]Donde viven las historias. Descúbrelo ahora