''2''
ညနေကြ တော့ရိပေါ်တစ်ယောက် ချိန်းထားတဲ့နေရာကိုရောက်လာခဲ့တယ် ဆိုင်ထဲကိုရောက်တော့ ရှောင်ကျန့်ကိုမတွေ့သေးဘူး ဒါနဲ့ပဲထိုင်စောင့်နေလိုက်တယ်
''အကိုဘာမှာမလဲခင်ဗျ''
''အာ....ညီအကို့ကိုလေ....$%#*&^!.:-&*^$$#@^?..''
''ဟုတ်ကဲ့ခနစောင့်ပေးပါဗျ''
''ရတယ်အေးဆေးလုပ်ပါ ''
''ဟုတ်ကဲ့ဗျ''
ရိပေါ်တစ်ယောက်ရှောင်ကျန့်ကိုစောင့်နေတာ 1နာရီကျော်ပြီအခုထိရောက်မလာသေးဘူး
မှာထားတာတွေလဲရလို့ အေးနေပြီ..............ထက်ပြီး......နောက်နာရီဝက်လောက်ကြာမှရှောင်ကျန့်တစ်ယောက် ရောက်လာတော့တယ်
''sorry ဝမ်ငယ် ကိုယ်နည်းနည်းနောက်ကျသွားတယ်ကွာ''
''ရှောင်း ခင်ဗျားအချိန်ကိုလဲပြန်ကြည့်အုံး ကျွန်တော်စောင့်နေတာ 2 နာရှိလာက်ရှိပြီ''
''အင်းပါကိုယ်တောင်းပန်ပါတယ်နော်''
''ခင်ဗျားဘာလို့အဲ့လောက်တောင်ကြာနေရတာလဲဟင်''
''မားမားကသွေးတိုးနေတာ အဲ့တာကိုယ်ကပြုစုနေရလို့ပါကွာ နော်...''
''အင်းးးပါပြီးရော...''
ဒီလိုပါပဲ ကျွန်တော်တို့ရဲ့အချစ်ရေးက အေးစက်သထက်အေးစက်လာခဲ့တယ်
အိမ်အပြန်လမ်းမှာချစ်သူနှစ်ဦးဟာလက်တွဲပြီးလမ်းလျှောက်ရင်း ဘန်ကောက်မြို့ကြီးရဲ့ညအလှတရားကိုပိုပြီးအသက်သွင်းပေးနေခဲ့တယ်
''ဝမ်ငယ် ကိုယ်လေမင်းလေးနဲ့နောက်ကျရင်အတူနေဖို့ အိမ်လေးတစ်လုံး ဝယ်ထားတယ်သိလာ''
''ဟင့်အင်း''
''ဒီနဲ့သိပ်မဝေးပါဘူး ဘန်ကောက်ထဲမှာပဲ''
''ကျွန်တော်ကအေးအေးချမ်းချမ်းနေရာမျိုးလေးမှာနေချင်တာ''
''အင်းးးးလေကိုယ်ပြောတဲ့အိမ်ကလဲ လုံးချင်းနှစ်ထပ်အိမ်လေးကိုယ်မှ အိမ်ဘေးမှာတောသေးသေးလေးရှိတယ် ပြီးတော့သဘာဝရေကန်လေးတောင်ပါသေးတယ်သိလား''
''ဟုတ်လား.... ကျွန်တော်တို့နှစ်ယောက်အဲ့မှာအတူနေကြမှာပေါ့နော်''
အဲ့လိုကျပြန်တော့လဲရိပေါ်ပျော်မိပြန်တယ် သူရှောင်းကိုအရမ်းချစ်တယ် ရှောင်းနဲ့တစ်သက်လုံးအတူရှိသွားချင်တယ်
''အွန်းးးးတစ်ချိန်ချိန်ကြရင်ပေါ့''
''ကျွန်တော်က အိမ်ရှေ့မှာ ဒေစီ ပန်းလေးတွေစိုက်မယ်''
''ဘာလို့ ဒေစီပန်းလဲ တခြားပိုလှတဲ့ပန်းတွေအများကြီးပဲဟာကို''
''ရှောင်းသိလားဘာလို့ကျွန်တော်ဒေစီပန်းလေးတွေကိုချစ်တာလဲဆိုတာ''
''ဟင်.....''
''ရှောင်းကဒေစီပန်းလေးနဲ့တူလို့''
''ဟောဗျာ...ကိုယ်ကဘယ်လိုဖြစ်လို့ဒေစီပန်းနဲ့တူသွားရတာလဲပြောပါအုံး ''
''ဒေစီပန်းတွေကအရမ်း နက်နည်းတယ် သူတို့ကခန့်မှန်းရခက်ကြတယ် လျှို့ဝှက်ချက်တွေများကြတယ် သူတို့ရဲ့အဓိပ်ပါယျ ကကို 'ဘယ်တော့မှမပြောပြဘူး' တဲ့လေ''
''အွန်းအဲ့တော့''
''ခင်ဗျားကလျှို့ဝှက်ချက်တွေများတယ်လေ ကျွန်တော့်အပေါ်မှာ''
''ကိုယ်ပြောမယ် အဲ့ဒီဘယ်တော့မှပြောမပြဘူးဆိုတဲ့နောက်ကွယ်မှာ ကိုယ်ဝမ်ငယ့် ကိုဘယ်လောက်ချစ်ကြောင်းတွေ ဆိုရင်ရောဟင်''
''အွန်းးးးကျွန်တော်က Michaelmas Daisy
ကိုတော့တအားမုန်းတာ ''''ဟင်ဘာဖြစ်ရပြန်တာလဲကွာ ပန်းရင်းအတူတူပဲကို''
''မတူဘူးသူ့အဓိပ်ပါယျ က နှုတ်ဆက်ထွက်ခွာခြင်း ဒါမှမဟုတ် နှုတ်ဆက်စကား တဲ့ စကားနဲ့မပြောချင်တဲ့အခါပန်းနဲ့ဖော်ပြလို့ရတဲ့ပန်းပေါ့ ....... ရှောင်းးးး''
''ဟင်......''
''ကျွန်တော်ခင်ဗျားကို Michaelmas Daisy ပန်းမပေးချင်ဘူးနော် ''
''အွန်းပါ ဝမ်ငယ်ရဲ့''
ရှောင်ကျန့်တစ်ယောက် သူ့အမေရဲ့ညနေကပြောခဲ့တဲ့စကားတွေကိုပြန်ကိုပြန်တွေးမိရင်း နောက်ဖြစ်လာမဲ့အရာတွေအတွက်ရင်လေးမိတယ် သူဝမ်ငယ့် ကိုမထိခိုက်စေချင်ဘူး
(အပိုင်းတွေကတအားတိုလွန်းနေလားဟင်...
ကိုယ်ရေးထားသမျှအပိုင်းတွေအကုန်လုံးက စာလုံးပေါင်း 600 ကျော်တွေပဲရှိလို့ပါ)
YOU ARE READING
Eventually
FanfictionXiao Zhan _ ''ဘန်ကောက်မှာနှင်းတွေကျလာတဲ့အချိန်မျိုးရောက်မှ ကိုယ်တို့တွေခွဲခွာကောင်းခွဲခွာကြရလိမ့်မယ် 'ဝမ်' '' Wang Yi Bo _ ''''Oh...;ဒါဆိုကျွန်တော်တို့နှစ်ယောက်က ထာဝရအတူတူရှိနေရတော့မှာပေါ့ နော် 'ရှောင်း' '' ဘန်ကောက်လို မြို့မျိုးမှာ ဘယ်တော့မှ နှင်းမ...