''11''(Unicode)

67 9 0
                                    

''11''

အချိန်တွေရယ်မြန်ဆန်လိုက်ကျတာ...
ချစ်ရသူနှစ်ဦးအတူပျော်ရွှင်စွာရှိနေရလို့လားမသိ

၁လဆိုတဲ့အချိန်ဟာလျှင်မြန်စွာပဲကုန်ဆုံးသွားပါတော့တယ်

ရှောင်ကျန့်စိတ်ထဲမှာဘဝမကျဖြစ်နေတယ် သူဝမ့်ကိုဖွင့်ပြောလိုက်ရင်ကောင်းမလား တကယ်လို့ဝမ်သာသူ့ကိုစိတ်ပျက်သွားရင်ရော ချစ်သူရှိနေပါရက်နဲ့တခြားမိန်းခလေးနဲ့စေ့စပ်ခဲ့တာ

''ဘာတွေတွေးနေလို့ကျွန်တော်ခေါ်တာကိုမကြားရတာလဲ ရှောင်းရဲ့ဟင်''

''အာ...ဘာမှမတွေးပါဘူးဝမ်ရယ် ဒီတိုင်း...''

''ငါမကြိုက်ဘူး မင်းကအမြဲအဲ့လိုပဲငါ့ကိုမပွင့်လင်းဘူး တစ်ခုခုမေးလိုက်တိုင်း ဒီတိုင်းပါပဲ ဆိုတဲ့စကားနဲ့တင်ပြီးသွားတာကြီးပဲ''

''မဟုတ်ပါဘူးကွာ ကိုယ့်ကိုစိတ်မဆိုးပါနဲ့နော်...''

''ပြီးတော့ဘာလဲပြော...''

''ဝမ်အခုတလောတစ်ခုခုဖြစ်နေသလိုပဲ''

''ငါဘာမှမဖြစ်ဘူး မင်းသားဖြစ်နေတာစိတ်နဲ့လူနဲ့မကပ်''

''မဟုတ်ပါဘူး ဝမ်ကိုယ့်ကိုလေ''

''ဟင်...''

''မင်းနဲ့ငါမသုံးပါနဲ့လားကွာ ဝမ်ခါတိုင်းသုံးနေကျ ခင်ဗျားနဲ့ကျွန်တော်ပဲသုံးပေးလို့မရဘူးလားဟင်''

''ဘာလို့လဲ..?''

''ဝမ် ခင်ဗျားလို့ခေါ်တာလေးကိုမြတ်နိုးတယ်ပြီးတော့ကိုယ်ကအကြီးဆိုတော့ဝမ်က ကိုယ့်ကိုယ်ကို ငါလို့သုံးတော့တစ်မျိုးကြီးပဲကွာ...''

''အင်းပါ''

''ကိုယ့်ကိုခေါ်တာဘာပြောမလို့လဲဟင်''

''ညနေစာစားရအောင်လို့''

''အင်းကိုယ်လာခဲ့မယ်''

ချစ်သူနှစ်ဦးရဲ့ညနေစာထမင်းစားချိန်ဟာတိတ်ဆိတ်နေလေရဲ့ တိတ်ဆိတ်မီုကိုဖြိုခွင်းလိုက်တာကတော့ ရိပေါ်ရဲ့စကားသံပါပဲ

''ရှောင်း ဘယ်ချိန်ပြန်မှာဟဲဟင်''

ရိပေါ်ရဲ့စကားသံကစိတ်မကောင်မှုတွေပါနေတာသူသိတာပေါ့ ဒါပေမယ့်မဖြစ်သာလို့လေ

''ကိုယ်မနက်ဖြန်ပြန်ရမယ်ဝမ်ရယ်''

''အင်းပါ''

ရိပေါ်ဘက်ကပြန်ပြီးတိတ်ဆိတ်သွားပြန်တယ်

''ကိုယ်လဲဘယ်ပြန်ချင်ပါ့မလဲကွာ မဖြစ်သာလို့ပါ ကိုယ့်ချစ်သူလေးနဲ့အကြာကြီးနေချင်တာပေါ့...!!!...မားကို၁လလို့ပဲပြောခဲ့လို့ပါကွာ...''

''အင်းပါ ထားလိုက်ပါတော့ အပြီးဝေးတာမှမဟုတ်တာ ကျွန်တော်ဘာကိုစိတ်မကောင်းဖြစ်နေမိပါလိမ့် ဒီလိုပါပဲစိတ်ထဲတစ်မျိုးကြီးခံစားမိနေလို့ အဟက်....ခါတိုင်းလိုပဲပြန်နေသားကျသွားမှာ''

ရိပေါ်စိတ်ထဲမှာတစ်မျိုးကြီးဖြစ်နေမိတာတော့အမှန်ပဲလေးလေးကြီး







ဖုန်းသံကြောင့်ရိပေါ်အိပ်ယာကနိုးထလာခဲ့တယ် မနက်ခင်မှာဆိုတော့ရိပေါရဲ့ချစ်ရသူဖြစ်မလားဆိုတဲ့မျှော်လင့်ချက်ခလေးက ဖုန်းမျက်နှာပြင်ပေါ်ကနာမ်စားတစ်ခုကြောင့်ပျောက်ကွယ်သွားတယ်

''ဟလို...အကိုလင်းချန်''

''ရိပေါ် အခုတလောပျောက်နေတယ်နော် အဲ့တာကြောင်းအကိုဖုန်းဆက်လိုက်တာ''

''ဟုတ်ကဲ့ကျွန်တော် အိမ်ပြောင်းလိုက်တာ အရင်နေရာမှာမနေတော့ဘူးလေ''

''အော်...ဟုတ်လားအကိုကရိပေါ်နေများမကောင်းလို့လားလို့စိတ်ပူနေတာ''

''ကောင်းပါတယ်ဗျ''

''ဟူး...အဲ့တာဆိုအကိုကရိပေါ်နဲ့တွေ့လို့မရတော့ဘူးပေါ့''

''မဟုတ်ပါဘူးဗျာ ကျွန်တော်ဘန်ကောက်ထဲကိုပြန်လာဖြစ်ရင်ဖုန်းဆက်ပါ့မယ် အဲ့ကြမှတွေ့ကြရအောင်လေ''

''ဟုတ်ပါပြီကွာ ''

''အားဆိုဒါပဲလေးနော်အကို ကျွန်တော်လုပ်စရာလေးရှိသေးလို့''

''အင်းပါ bye bye ရိပေါ်''

''ဟုတ်ကဲ့ bye bye အကိုလင်းချန်''

ရိပေါ်တကယ်တော့စိတ်မကောင်းဖြစ်သွားခြင်းပင် တခြားသူလောက်တောင်သူနဲ့ရှောင်ကျန့်ဆက်ဆံရေးကမနွေးထွေးပါလားတွေးမိပြီးပေါ့ ရှောင်ကျန့်ပြန်သွားပြီးထဲကရိပေါ်ကိုအဆက်သွယ်  မလုပ်သေးပေ

EventuallyWhere stories live. Discover now