''4''(Zawgyi)

53 4 0
                                    

''4''

လင်းချန်တစ်ယောက် သူ့ရှေ့ကဟော့ပေါ့စားနေတဲ့ကောင်လေးကိုကြည့်ပြီးတော်တော်အသည်းယားနေပြီ ရိပေါ်လုပ်နေတာကလဲ ကြည့်အုံးလေ ဟော့ပေါ့ကိုသူများတွေလုစားတော့မယ့်အတိုင်း

ရိပေါ်တစ်ယောက်ဟော့ပေါ့စားနေရင်းမှတစ်ယောက်ယောက်ကြည့်နေသလိုခံစားမိလိုက်တာကြောင့် မော့်ကြည့်လိုက်တော့ဟော့ပေါ့မစားပဲသူ့ကိုစိုက်ကြည့်နေတဲ့အကိုလင်းချန်

''အကို...စားလေမကြိုက်လို့လားဟင်''

''မဟုတ်ပါဘူး...ကြိုက်ပါတယ်ရိပေါ်ရဲ့''

''ဒါနဲ့အကိုကို့ V company နားမှာတွေ့တာဆိုတော့.....''

''အကိုက V company မှာရှယ်ယာဝင်ထားတာလေ အကို့သူငယ်ချင်းအဆက်အသွယ်နဲ့ပေါ့''

''ဟုတ်ကဲ့ကျွန်တော်က handouts တဇိုင်းရေးဆွဲသူ ပါဗျ အခုလဲ V company ကနေ ပစ္စည်းကြေငြာ အတွက်အလုပ်အပ်ထားလို့ အဲ့တာတဇိုင်းသွားပြရင်းအပြန် အကိုနဲ့တွေ့တာပေါ့''

''အာ...ရိပေါ်က handouts တဇိုင်းရေးဆွဲသူ ပေါ့''

''ဟုတ်ကဲ့ဗျ...''

''ရိပေါ်မိဘတွေကကော...''

''ပါးနဲ့မားကတရုတ်မှာပါပဲဗျ''

''အော်...ရိပေါ်တစ်ယောက်ထဲနေတာပေါ့ ရိပေါ်ကတော်တယ်နော်အသက်ငယ်ငယ်လေးနဲ့''

''ဟီးးး အကိုကလဲမြှောက်ပြီဗျာ...အဲ့လောက်လဲမဟုတ်ပါဘူးလို့''





ဘာလိုလိုနဲ့တစ်ပတ်တောင်ရှိပြန် ပြီ ရိပေါ်ရှောင်ကျန့်နဲ့မတွေ့ဖြစ်ပြန်တာပေါ့ အခုတလောရိပေါ်အကိုလင်းချန်နဲ့လဲပိုပြီးရင်းနှီးလာတယ်

''ရိပေါ်အကို့ကို ဘန်ကောက်ညဈေးလိုက်ပြပေးပါလားဟင် အကိုမရောက်ဖြစ်သေးဘူးတအားလှတယ်လို့ပြောတယ်''

''ဟုတ်တယ်အကိုရဲ့ တအားလှတာစားစရာတွေလဲပေါမှပေါ တအားပျော်ဖို့ကောင်းတာ''

ရိပေါ်ကပြောရင်း အတိတ်ကအမှတ်တရလေးတွေကိုသတိရပြီးပြုံးမိတယ် ဟုတ်ပါတယ်သူနဲ့ရှောင်းကအဲ့မှာစတွေ့ခဲ့တာပေါ့

''ဘာတွေပြုံးနေတာလဲ ရိပေါ်ရဲ့''

''ဘာမှမဟုတ်ပါဘူး ဟီးးးးး''

''ဘာလဲရိပေါ် ချစ်သူနဲ့သွားဖူးလို့လား အဲ့ဈေးကအတွဲတွေလည်ပတ်တာကောင်းတဲ့နေရာလို့ကြားဖူးတယ်''

''အယ်....အကို''

ရိပေါ်ကလင်းချန်ကိုမျက်လုံးအဝိုင်းသားလေးနဲ့ကြည့်ရင်းသွားလေးဖြဲပြရင်းဘာမှမပြောတော့ လင်းချန်ကမယုံနိုင်ဘဲပြန်မေးလိုက်တယ်

''အာ...ရိပေါ်မှာတကယ်ချစ်သူရှိတာလား''

''ဟုတ်ကဲ့အကို''

ရိပေါ်ရဲ့စကားအဆုံးလင်းချန်မျှော် လင့်ချက်မဲ့သွားသလိုခံစားလိုက်ရတယ်

''ရိပေါ်ကောင်မလေးနဲ့အကို့ကိုမိတ်ဆက်ပေးအုံးလေကွာ...''

''ကောင်မလေးမဟုတ်ဖူးအကိုရဲ့ ကောင်လေး''

''အော်...''

လင်းချန်ကောင်လေးဆိုတဲ့စကားကြားရတော့ပိုပြီးမျက်နှာပျက်သွားတယ် ဒါပေမယ့်ပြန်ထိန်းလိုက်ပြီး

''ရိပေါ် အကို့ကိုကောင်လေးနဲ့မိတ်ဆက်ပေးလေ''

''ဟုတ်ကဲ့ပါဗျ...''


ရှောင်ကျန့်တစ်ယောက်အခုတလောအလုပ်တွေတအားများနေတာမလို့ရိပေါ်ကိုတောင်အချိန်မပေးမိဘူး ထိုအချိန်ရုံးခန်းထဲကိုဝင်လာတဲ့ခြေသံကိုကြားလိုက်တယ်
ခြေသံနဲ့အတူ အသံတစ်ခုကပါကပ်လိုက်လာခဲ့တယ်

''ကျန့်...''

''အင်း ချင်းလီဘာအလုပ်ကိစ္စရှိလို့လာတာလဲ''

''ကျန့်ကလဲကွာ လီကကျန့်ဆီကိုအလုပ်ကိစ္စရှိမှလာရမှာလားလို့ ကျန့်ကလီကိုတအားတစိမ်းဆန်တာပဲကွာ...''

''အဲ့လို မဟုတ်ပါဘူး ''

''ဟုတ်ပါပြီကွာ သဘက်ခါ ဒို့ မွေးနေ့ရှိတယ်လေ အဲ့တာပါတီမှာကျန့်လာဖို့ လီကကိုယ်တိုင်တကူးတကလာဖိတ်တာကို''

''ကျွန်တော်အားရင်လာခဲ့ပါမယ်ဗျ''

''မရဘူးနော်ကျန့် လာကိုလာရမယ်''

ရှောင်ကျန့်လဲအရစ်ရှည်မနေချင်တာနဲ့

''ဟုတ်ကဲ့ လာခဲ့ပါမယ်ဗျ''

EventuallyWhere stories live. Discover now