''5''
ရှောင်ကျန့်တော်တော်လေးခေါင်းကိုက်နေရပြီ အခုချင်းလီရဲ့မွေးနေ့ပါတီပွဲမှာ သူကချင်းလီရဲ့သတိုးသားလောင်းလို့လူတိုင်းက ထင်မြင်နေကြတယ် ဘယ်တော့စေ့စပ်မလဲ ဘယ်တော့လက်ထက်မလဲ ဒီမေးခွန်းတွေကိုပဲထပ်ခါထပ်ခါကြားနေရတယ်
''အိုး...ရှောင်လုပ်ငန်းရဲ့ceoနဲ့ချင်းလုပ်ငန်းရှင်ရဲ့တစ်ဦးတည်းသောသမီး တို့ကအရမ်းလိုက်ဖတ်ပါပေတယ် ''
ထိုလူရဲ့စကားသံအဆုံးရှောင်ကျန့်ရဲ့လက်မောင်း ကိုချင်းလီကလက်ချိတ်လိုက်ရင်း
''ကျေးဇူးပါနော် ချင်းလီရဲ့မွေးနေ့ပွဲကိုလာရောက်ပေးတဲ့အတွက် ပြီးတော့ခုနကချီးမွန်းစကားကိုရောပေါ့ အဟွန်း''
ချင်းလီတစ်ယောက် အပြုံးလေးနဲ့ထိုလူကိုပြန်ပြောနေတော့ ရှောင်ကျန့်မှာလက်ကိုဖယ်ချဖို့လူရှေ့မှာဆိုတော့လဲမိန်ခလေးတစ်ယောက်ရဲ့ဂုဏ်သိပ်ခါကြောင့်ရော စိတ်မပါတဲ့အပြုံးကြီးနဲ့အင်တင်တင်ဖြစ်နေရတယ်
''ဒါနဲ့ ဘယ်ချိန်လက်ထပ်ကြမှာလဲ အချိန်ကသင့်နေပြီနော်...''
''အာ...ချင်းလီတို့လက်ထပ်ဖို့နီးနေပါပြီရှင့် အရင်ဆုံးစေ့စပ်ဖြစ်မယ်ထင်တယ်''
''ကျွန်တော် တို့ကတော့ company နှစ်ခုပေါင်းစည်းမယ့်အချိန်ကို စောင့်မျှော်နေပြီနော်''
''ဟုတ်ကဲ့ပါရှင် မကြာတော့ပါဘူး ဟုတ်တယ်မလားကျန့်''
ချင်းလီရဲ့ရုတ်တရပ်လှည့်မေးလိုက်တဲ့စကားကြောင့် ရှောင်ကျန်မှာကြောင်သွားရပြီး
''ဟုတ်...ဟုတ်ပါတယ်ဗျ''''ဒါဆိုရင်ကျွန်တော့်ကိုသွားခွင့်ပြုပါအုံးနော် ချင်းလီ''
''ကျန့် ကပြန်တော့မလို့လားအခုမှပါတီကလူစီတာဟာကို''
''ကျွန်တော်ပင်ပန်းနေလို့နားခွင့်ပြုပါအုံး''
ရှောင်ကျန့်တစ်ယောက်အမြန်ပဲရှောင်ထွက်လာလိုက်တယ် သူကြာကြာဆက်ပြီးမနေနိုင်တော့ဘူးလေ
''ရှောင်း...ရေ''
ရှောင်ကျန့်ကြားလိုက်တဲ့အသံကြောင့် ထပြီးချစ်ရတဲ့ထိုသားလေးကိုတင်းကျပ်စွာထပြီးဖတ်လိုက်တယ်
''လွမ်းနေတာ ကိုယ့်ရဲ့ဝမ်ငယ်လေးရဲ့''
''လူကိုပစ် ထားတုံးက ပစ်ထားပြီး သွားပါအပိုတွေ''
''ရှောင်း ကျွန်တော့် ကိုခေါ်ဒီအထိခေါ်တာဘာကိစ္စရှိလို့လဲဟင်''
အဲ့တော့မှရှောင်ကျန့်ကသူ့အလုပ်စားပွဲမှာပြန်ထိုင်လိုက်တယ်ရိပေါ်ကလဲရှေ့ကခုံမှာဝင်ထိုင်လိုက်တယ်
''ကိုယ်တို့အခုအသစ်ထုတ်မယ် ဇာတ်ကားရဲ့ကြေငြာကို ကိုယ်ဝမ်ငယ့်ကိုအပ်ချင်တယ် ဝမ်အားရဲ့လား''
''အားပါတယ် အခုတလောအလုပ်သိပ်မရှိပါဘူး''
''အဲ့တာဆို ကြေငြာကိစ္စကိုဝမ်ကိုယ်တိုင်စိတ်ကြိုက်လုပ်လိုက်တော့နော်...''
''အင်းပါ ကျွန်တော် အကောင်းဆုံးကြိုးစားပေးပါ့မယ်''
''ပြီးတော့ ကိုယ်ဝမ့်ကိုတောင်းဆိုစရာရှိတယ်''
''အင်း...ပြောလေရှောင်းရဲ့''
''ဟိုတစ်ခါကကိုယ်ပြောပြတဲ့အိမ်လေ''
''အင်း''
''အဲ့မှာဝမ်ပြောင်းနေပေးပါလားဟင်''
''ရှောင်း ကကော ကျွန်တော်တို့အတူနေကြမှာမဟုတ်ဘူးလားဟင်''
''အာ...ကိုယ်အမြဲလာနေပေးမှာပါ ဝမ်ရဲ့''
''ဘာဖြစ်လို့အပြီးမ ဟုတ်တာလဲ''
''ကိုယ့် မားကရှိနေသေးတော့အိမ်ကိုလုံးလုံးပစ်ထားလို့မရဘူးလေ အဲ့တာကြောင့်ပါ ''
''အင်းပါလေ...ရှောင်းနေစေချင်ရင်နောက်တစ်ပတ်လောက်ကြရင်ပြောင်းလိုက်ပါ့မယ်''
''ကိုယ် တို့နောက်ကျအဲ့မှာအတူအမြဲနေကြရအောင်နော်ဝမ်ငယ်''
''အင်း...ရှောင်းသဘော''
(အပိုင်းတွေကတအားတိုလွန်းနေပါတယ် ကိုယ်ကိုရေးထားပြီးသားဖြစ်တာကြောင့်လဲပြန် ပြင်ဖို့ကခက်နေလို့ပါ အဲ့တာကြောင့်တစ်ခါတင်ရင်၂ပိုင်စီတင်ပေါးပါ့မယ်နော်...)
YOU ARE READING
Eventually
FanfictionXiao Zhan _ ''ဘန်ကောက်မှာနှင်းတွေကျလာတဲ့အချိန်မျိုးရောက်မှ ကိုယ်တို့တွေခွဲခွာကောင်းခွဲခွာကြရလိမ့်မယ် 'ဝမ်' '' Wang Yi Bo _ ''''Oh...;ဒါဆိုကျွန်တော်တို့နှစ်ယောက်က ထာဝရအတူတူရှိနေရတော့မှာပေါ့ နော် 'ရှောင်း' '' ဘန်ကောက်လို မြို့မျိုးမှာ ဘယ်တော့မှ နှင်းမ...