''15''
ရိပေါ်မနက်3နာရီလောက်နိုးထလာခဲ့သည်
နိုးလာလာခြင်းထလိုက်တော့စားပွဲပေါ်ကစာလေးကိုကြည့်လိုက်မိတယ်
''အကိုပြန်နှင့်ပြီရိပေါ် ဘာဖြစ်ခဲ့လဲအကိုမသိပေမယ့် အဆင်ပြေသွားမှာပါနော်ညီ ညိ့ဘက်မှာပဲအကိုရှိတယ် မနက်ဖြန်အကိုတရုတ်ကိုပြန်ရတော့မယ် နှုတ်ဆက်ပါတယ်နော် ညိီ အကိုအဆက်သွယ်အမြဲလုပ်ပါမယ်''
ရိပေါ် မနေ့ကအကြောင်းတွေကိုပြန်တွေးမိလိုက်တာကြောင့် ဝမ်းနည်းလာခဲ့တယ် သူ့အိပ်ယာဘေးက စားပွဲခုံပေါ်ကစာအုပ်လေးကိုလှမ်းယူလိုက်တယ် စာအုပ်လေးကြားထဲကဓာတ်ပုံလေးတစ်ပုံကိုထုတ်ကြည့်လိုက်မိတယ်
ဟုတ်တာပေါ့သူနဲ့ရှောင်း ရိုက်ထားခဲ့တဲ့ပုံလေးဒါပေမယ့်ဓာတ်ပုံလေးကပုံစံကျမနေခဲ့
ဓာတ်ပုံလေးရဲ့ ခလယ်ကနေရာလေးကိုခေါက်ပြီးဝှက်ထားသည်အစွန်နှစ်ဖတ်လေးသာအပြင်၌ပေါ်နေခဲ့ခြင်းဖြစ်သည် ဓာတ်ပုံရဲ့နောက်ကျောမှာဝှက်ထားပြီးခေါက်ထားတဲ့အရာလေးပြေသွားမှာဆိုးတာကြောင့်ကော်လေးကပ်ထားသည်ရိပေါ် ထိုကော်လေးကိုခွာလိုက်ပြီး ဓာတ်ပုံလေးရဲ့မူကပုံစံအတိုင်းပြန်ဖြစ်သွားခဲ့တယ်
ဓာတ်ပုံလေးထဲကကောင်လေးနှစ်ယောက်ကလက်တကမ်းအကွာလောက်ကနေတစ်ယောက်ကိုတစ်ယောက်ကြင်နာတဲ့အကြည့်တွေနဲ့ကြည့်နေခဲ့တယ်
ခေါက်ထားတုန်းကတော့ ဓာတ်ပုံလေးထဲကကောင်လေးနှစ်ယောက်ကနီးစပ်နေခဲ့တာပေါ့
ဟုတ်တာပေါ့ခေါက်ချိုးရာလေးကြောင့်သာဓာတ်ပုံလေးထဲကကောင်လေးနှစ်ယောက်ကနီးခဲ့ကြတာ တကယ်တော့သူတို့ဟာ လက်တကမ်းအကွာအဝေးမှာရှိနေခဲ့ကြတာမဟုတ်လား
ရိပေါ်မထိန်းချုပ်နိုင်တော့ပါ မျက်ရည်များဟာပြိုကျလာခဲ့တယ် အိပ်ယာပေါ်မှာကွေးကွေးကလေးငိုနေခဲ့တယ်
ရိပေါ်စားပွဲပေါ်ကတင်ထားတဲ့လက်စွပ်လေးကိုထက်ပြီး လှမ်းယူလိုက်တယ်
လက်စွပ်ကလေးကနှစ်ကွင်းအလယ်ကသံကြိုးလိုပုံဖော်ထားတဲ့ကြိုးအသေးစားလေးဆက်သွယ်ထားတာပေါ့
အဲ့လိုဆိုလက်စွပ်က ကြိုးလေးနဲ့ဆက်သွယ်ထားတာကြောင့် ရှောင်းကသူ့ကိုနှစ်ကွင်းစလုံးအပ်ထားခဲ့တယ်
ရှောင်းကပြောတယ် ဒီကြိုးလေးကိုဖြတ်မပစ်ချင်ဘူးတဲ့ ဒီလက်စွပ်လေးကိုသူနဲ့ရှောင်းအတူဝတ်ကြည့်ဖူးတာပေါ့
အရာရာဟာရှောင်းနဲ့သူ့ရဲ့ အမှတ်ရတတွေကြီးပဲ
ရိပေါ်မျက်ရည်တွေကြားကလက်စွပ်ကလေးနှစ်ကွင်းကိုဆွဲဖြတ်လိုက်တယ်
အခုသူတို့သံယောဇဥ်ကဒီလက်စွပ်လေးနှစ်ကွင်း အလားပေါ့
လက်စွပ်လေးထဲကတစ်ကွင်းကို ရိပေါ်ဝတ်လိုက်တယ်
ရိပေါ်အခုသူဘာဆက်လုပ်သင့်လဲ........
တစ်ဖတ်တွင်....
ရှောင်ကျန့်တစ်ယောက်ညတွင်းချင်းရိပေါ်နောက်လိုက်သွားမယ်ပြင်ခဲ့ပေမယ့်
မိခင်ရဲ့တားဆီးမှုကိုမလွန်ဆံနိုင်ခဲ့ဘူး သူ့ကိုသူတော်တော်လေးနာကျဥ်းမိတယ် ဒီလိုအချိန်မျိုးမှာကိုတောင်မှပေါ့
ဒါပေမယ့်သူမှီအောင်...
မနက်မလင်းခင်ထဲက သူထွက်လာခဲ့တယ်ဒီနေ့ရာသီဥတုဟာ ထူးစမ်းစွာအေးစက်နေခဲ့တယ် မြူများအုံ့နေခဲ့တယ် ခါတိုင်းဘန်ကောက်မြို့ရဲ့ဆောင်းတွင်းရာသီဥတုရဲ့အချမ်းဓာတ်ဟာလွန်ကဲတက်တာသိပေမယ့်
ဒီနေ့ပိုနေခဲ့တယ်ရှောင်ကျန့် ကအိမ်ထွက်လာပြီးပြီးချင်း ကားမောင်းရင်းဖုန်းမှလဲဝမ်ဆိုတဲ့နာမ်စားလေးကိုဆက်သွယ်လို့ရအောင်ကြိုးစားနေခဲ့တယ်
ဒါပေမယ့် block အထားခံရတဲ့ဖုန်းလေးဟာလှောင်ပြုံးနေခဲ့တယ်
ဒါပေမယ့်မထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်သွားခဲ့တယ်...
ရှောင်ကျန့်ကားရဲ့ ရေဒီယိုကပြန့်လွှင့်လာတဲ့ သတင်း တစ်ခု
''ယခုနေ့(9.8.2022) မနက် 5နာရီအချိန်တွင်ထိုင်းနိုင်ငံ၌ထူးစမ်းစွာရာသီဥတုဖောက်ပြန်ခြင်းနှင့် အအေးဓာတ်လွန်ကဲမှုတို့ကြောင့် ထူးစမ်းစွာပဲမြူနှင်းတွေဟာ ထိုင်းနိုင်ငံနေရာအချို့တွင်ကျရောက်လာမယ်လို့ခန့်မှန်ရပါတယ်ရှင်..''
(ကိုယ်က ထိုင်းမှာသီတင်းကြေငြာတာဘယ်လိုလဲသေချာမသိတော့ စိတ်ကူးနဲ့ရေးလိုက်တာပါနော်...)
YOU ARE READING
Eventually
FanfictionXiao Zhan _ ''ဘန်ကောက်မှာနှင်းတွေကျလာတဲ့အချိန်မျိုးရောက်မှ ကိုယ်တို့တွေခွဲခွာကောင်းခွဲခွာကြရလိမ့်မယ် 'ဝမ်' '' Wang Yi Bo _ ''''Oh...;ဒါဆိုကျွန်တော်တို့နှစ်ယောက်က ထာဝရအတူတူရှိနေရတော့မှာပေါ့ နော် 'ရှောင်း' '' ဘန်ကောက်လို မြို့မျိုးမှာ ဘယ်တော့မှ နှင်းမ...